ရန်ကုန်လိုင်စင်အခက်အခဲကြောင့်နံပါတ်အနိမ့်အောက်ကားများသာအရောင်းအဝယ်ဖြစ်


လွန်ခဲ့သည့်မေလတစ်လလုံးအေးနေခဲ့သောရန်ကုန်ကားဈေးကွက်သည်ကျောင်းဖွင့်ရာသီဖြစ်သည့် ဇွန်လထဲရောက်ရှိလာသော်လည်းပြန်မကောင်းလာသေဘဲ အရောင်းအဝယ်အေးစက်နေမြဲဖြစ်သည်။

နယ်လိုင်စင်ဖရီးပါမစ်ကားများကိုသာတင်သွင်းနေရသော ရန်ကုန်ကားဈေးကွက်တွင်နယ်ကားများ တဖြည်းဖြည်းများလာသော်လည်းဝယ်လက်မရှိခြင်းကြောင့် ဈေးကွက်အေးသထက်အေးနေသည်။

ရန်ကုန်လိုင်စင်ရရှိမှုခက်ခဲလာချိန်တွင်ဝင်ငွေခွန်ကောက်ခံမှုပါပိုလာသည့်အတွက်ကားဈေးများ မြင့်တက်လာခဲ့ရာဝယ်လိုအားတဖြည်းဖြည်းနည်းလာပြီး ကားတင်သွင်းမှုလည်းလျော့နည်းသွား ကြောင်းသိရသည်။

ကားဈေးကွက်တွင်လည်းရန်ကုန်အဝယ်များသာမကနယ်အဝယ်များပါရန်ကုန်လိုင်စင်ကားများကိုသာ ဝယ်ယူလိုကြသည့်အတွက်ရန်ကုန်လိုင်စင်ဖြင့် မရောင်းချနိုင်သည့်အချိန်တွင်ဖရီးပါမစ်ကားများ အရောင်းအဝယ်အေးစက်နေပြီး စလစ်ကပ်ကားများသာအရောင်းအဝယ်အနည်းငယ်ဖြစ်ကြောင်း သိရသည်။

မေလထဲတွင်ရောအခုဇွန်လာထဲရောက်လာသည်အထိအရောင်းအဝယ်ဖြစ်ခြင်းမှာမရှိသလောက်ကို နည်းပါသည်။

ယခင်နှစ်ကျောင်းဖွင့်ရာသီတွင်အရောင်းအဝယ်ကောင်းသောလည်းဒီနှစ်တွင်အလွန်အေးနေပါသည်။

ရန်ကုန်လိုင်စင်ကိုအဝယ်တော်တော်များများကလိုချင်ကြသော်လည်း ရန်ကုန်လိုင်စင်ပြန်မချပေးသည့်အခါတွင် နယ်လိုင်စင်ပဲရသောကြောင့် ကားဈေးကွက်အနည်းနှင့်အများရိုက်ခတ်နေပါသည်။

၁၃ဝဝ စီစီကားများထဲတွင်နံပါတ်အနိမ့်အက္ခရာတွေဖြစ်သည့် H ၊ I ၊ J တန်းများဖြစ်သည့် Fit ၊ Vitz ၊ Ractis ၊ Belta ကားလေးများမှာသိန်း ၁၅ဝ ဝန်းကျင်တွင်အရောင်းအဝယ်ဖြစ်သည်။

စလစ်ကပ်ကားထဲတွင်ရွှေငါး၊ Crown ၊ Wish ၊ Kluger ကားများအရောင်းအဝယ်ဖြစ်သော်လည်း အရမ်းအကောင်းကြီးတော့မဟုတ်ဘူး။

သိန်း ၂၅ဝ နှင့်သိန်းသုံးရာကြားထဲမှကားများထဲတွင်အရောင်းအဝယ်ဖြစ်ပါသည်ဟု ကားဝယ်/ရောင်းသူထံမှ သိရသည်။

နယ်အဝယ်များဆင်းသော်လည်းဖရီးပါမစ်ကားများအရောင်းအဝယ်အေးနေပြီး စလစ်ကပ်ကားများဖြစ်သည့် Wish ၊ Kluger ၊ RAV4 ၊ Alphard စသည့်ကားများနှင့် နံပါတ်အနိမ့်ကားများသာအရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

ဖရီးပါမစ်ကားများမှာအရောင်းအဝယ်အေးစက်လာသဖြင့် တင်သွင်းမှုမရှိသလောက်ဖြစ်သွားပြီး စလစ်ကပ်ကားများကိုသာ ပိုမိုတင်သွင်းမှုများကြောင်းကားဝယ်/ရောင်းများထံမှသိရသည်။

ကားဈေးနှုန်းများမြင့်တက်လာခြင်းမှာ မူလကားတန်ဖိုးမြင့်လာခြင်းကြောင့်မဟုတ်ဘဲအပ်ကားရှားပါးလာခြင်း၊ ဖရီးပါမစ်ကားများရန်ကုန်လိုင်စင်မရရှိခြင်းနှင့်ဝင်ငွေခွန်ကောက်ခံခြင်းတို့ကြောင့်သာဖြစ်ပြီးကား ဝယ်ယူအသုံးပြုသူများအနေဖြင့်အခွန်ဆောင်သည့်စနစ်နှင့် အသားကျလာမှသာ ပုံမှန်အရောင်းအဝယ် ပြန်ဖြစ်လာနိုင်ကြောင်းသိရသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့်ကားအရောင်းစင်တာများမှ Consignment စနစ်ဖြင့် တင်သွင်းထားပြီးမှတ်ပုံမတင်ရသေးသည့် ၂ဝဝဝ မိုဒယ်နှင့်အောက်ကားများကိုစလစ်ကပ်စရာမလိုဘဲ စလစ်အစားကျပ်သိန်းသုံးဆယ်ဖြင့်ပါမစ်လျှောက်ခွင့်ပြုမည်ဖြစ်သကဲ့သို့၂ဝဝ၁ မိုဒယ်မှ ၂ဝဝ၅ မိုဒယ်အထိ ကားများကိုလည်းကျပ်သိန်းခြောက်ဆယ်ဖြင့်ပါမစ်လျှောက်ခွင့်ပေးခဲ့ရာယင်းသို့ စလစ်အစားထိုးပါမစ် လျှောက်ခွင့်ပြုမည်ဆိုပါက ၂ဝဝဝ မိုဒယ်အောက်ကားများမှာမရှိသလောက်နည်းပါးပြီး ၂ဝဝ၁ မိုဒယ်အထက် ကားများမှာလည်းဧပြီ ၁ ရက်တွင်စတင်ကောက်ခံခဲ့သည့်ဝင်ငွေခွန်ရှောင်လွှဲနိုင်ရန် နံပါတ်ကြိုယူထားပြီးဖြစ်၍ နယ်လိုင်စင်ဖြင့်သာမှတ်ပုံတင်ပြုလုပ်ပေးမည်ဖြစ်သောကြောင့်ဈေးကွက်ပြောင်းလဲမှုမရှိနိုင်ကြောင်း ကားတင်သွင်းသူများကသုံးသပ်ထားကြသည်။
 

Read 3703 times