ရန်ကုန်-ပဲခူး နယ်စပ်မှ အမှတ်(၂)လမ်းမကြီး လမ်းဆုံအထိ ၃ဒသအ၂ ကီလိုမီတာရှည်လျားသည့် ကုန်တင်ယာဉ်တန်းကြီး လျော့နည်းလာစေရန်
နှင့် ဇရပ်ကွင်းလမ်းဆုံမှ ထိုကုန်တင်ယာဉ်တန်းကြီး ရှင်းလင်းနိုင်ရန်အတွက် ကျန်းမာရေးဝန်ထမ်း များက Test kit အလုံအလောက်ဖြင့် များများနှင့် မြန်မြန်စစ်ဆေးနေကြသည်။ စစ်ဆေးပေးနေသည့် ကျန်းမာရေးဝန် ထမ်းများကို ထပ်မံအားဖြည့်ရန် မလုံလောက်သည့်ကြားက ကြိုးစားနေကြသည်။
ကားဆရာသည် positive ဟု အဖြေထွက်သည်အခါ ကားကို ထိုနေရာတွင်ထားခဲ့ရပြီး ကန့်သတ်နယ်မြေတွင် ကူးစက်ခံရတဲ့ ကိုဗစ်-၁၉ပျောက်အောင် ကုသရသည်။ စပယ်ယာနှင့် ဇနီးသည် Q ဝင်ရသည်။ ထိုကဲ့သို့ ကုန်တင်ကားများ ထပ်မတိုးလာစေရန်အတွက် ကုန်တင်ကားများစစ်ဆေးရာနေရာခွဲ၍ စစ်ဆေးရန်နှင့် Test Kit များ အလုံအလောက်ဖြင့် မြန်မြန်ရရှိရန် အရေးကြီးလိုအပ်နေသည်။ ထိုနေရာမှတဆင့် မြန်မာပြည်အနှံ့ရောဂါပိုး ပြန့်နှံ့မသွားစေရန် ထိန်းချုပ်ပေးနိုင်ရန် အရေးကြီးနေသည်။
စစ်ဆေးခံပြီးသည့် ယာဉ်မောင်းများသည် လမ်းဟောင်းပေါ်မှ ယာဉ်ကြောပိတ်ဆို့မှုကို ရှောင်ကွင်း၍ အမြန်လမ်းပေါ် မှ ရည်မှန်းချက်ရောက်သည်အထိ ချမှတ်ထားသော စည်းကမ်းချက်များနှင့်အညီ အန္တရာယ်ကင်းကင်းမောင်းနှင်သွား ရန် အရေးကြီးလိုအပ်သည်။
ဆောက်လုပ်ရေးဝန်းကြီးဌာနမှ အဝေးပြေးကုန်တင်ယာဉ်များအတွက် COVID-19 ကာလအတွင်း သယ်ယူပို့ဆောင်ရေးကိစ္စရပ်များနှင့် မြို့ဝင်/ထွက်ကိစ္စများ အဆင်ပြေချောမွေ့စေရန် ရည်ရွယ်ပြီး ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် ကုန်တင်ယာဉ်များအားလုံး သတ်မှတ် ဖြတ်သန်းခ ပေးဆောင်စေ၍ ဖြတ်သန်းခွင့်ပြုမည် ဟု ထုတ်ပြန်ကြေငြာခဲ့သည်။
၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာလ ၅ရက်မှ စတင်၍ ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၃၀ရက်အထိ COVID-19 ကာလအတွင်း သယ်ယူပို့ဆောင်ရေးကိစ္စရပ်များနှင့် မြို့ဝင်/ထွက်ကိစ္စများ အဆင်ပြေချောမွေ့စေရန် ရည်ရွယ်ပြီး ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် ကုန်တင်ယာဉ်များအားလုံး သတ်မှတ် ဖြတ်သန်းခ ပေးဆောင်စေ၍ ဖြတ်သန်းခွင့်ပြုမည် ဖြစ်သည်။ ဖြတ်သန်းရာတွင် အမြန်လမ်းမကြီး တပ်ဖွဲ့၏ စစ်ဆေးကြီးကြပ်မှုကိုလည်း လိုက်နာဆောင်ရွက်ရမည်ဖြစ်သည်။
ကိုယ်ပိုင်ယာဉ်ငယ်များ - 100 km/h ၊ ခရီးသည်တင် Bus ကားများ - 80 km/h ၊ Light Truck ယာဉ်များ - 60 km/h နှင့် ကုန်တင်ယာဉ်များအားလုံး - 60 km/h တို့ဖြစ်သည်။ သတ်မှတ်ထားသော အမြန်နှုန်းများထက် ပို၍ မောင်းနှင်ခွင့် မပြုကြောင်း ထုတ်ပြန်ထားသည်။
ကုန်တင်ယာဉ်များအားလုံးသည် လက်ယာဘက် ယာဉ်ကြောမှသာ မောင်းနှင်ရမည်။ သတ်မှတ်အမြန်နှုန်းထက် ပို၍ မောင်းနှင်ခွင့် မပြု။ Rest Camp များတွင်သာ ရပ်နားရမည်။ လမ်းဘေးတွင် ကြုံသလို ရပ်နား၍ ကျူးကျော်ဆိုင်များတွင် စားသောက်ခြင်း ခွင့်မပြု။ အကယ်၍ စစ်ဆေးတွေ့ရှိပါက နောက်တစ်ကြိမ် ဖြတ်သန်းခွင့်ပြုမည် မြတော့ပါ။ သတ်မှတ်တန်ချိန်ထက် ပို၍ တင်ဆောင်လာပါက ခွင့်ပြုမည် မဟုတ်ပါ ဟု လိုက်နာရန် စည်းကမ်းချက်များကိုလည်း ချမှတ်ထားသည်။