YBS ဘတ်စ်ကားလိုင်းပေါင်း (၃၆)လိုင်းမှာ YPS ကတ် အသုံးပြုနိုင် 


YBS ဘတ်စ်ကားလိုင်းပေါင်း (၃၆)လိုင်းမှာ YPS ကတ် အသုံးပြုနိုင် 

YBS ဘတ်စ်ကားယာဉ်လိုင်းပေါင်း (၃၆)လိုင်းမှာ YPS ကတ်လေးတွေကို အသုံးပြုပြီး ယာဉ်စီးခ ပေးချေနိုင်ကြောင်း သိရပါသည်။
           
YPS ကတ်လေးတွေကို အသုံးပြုပေးချေနိုင်သည့် ဘတ်စ်ကားယာဉ်လိုင်းများမှာ 
2, 3, 4, 7, 8,  
10, 11, 12, 13, 14, 
24, 25, 28, 29,
30, 32, 36, 37, 38,
40, 43,
55, 57, 58, 59,
62, 65,
72, 78
87, 88, 89,
93, 94, 96, 97 
            
ပုံသေယာဉ်စီးခ သတ်မှတ်ထားတဲ့(Flat Fare Line) ယာဉ်လိုင်းတွေမှာအတက် (၁) ကြိမ်သာ ကတ်ဖြတ်ဖို့ လိုအပ်ပါသည်။

ခရီးစဉ်အကွာအဝေးအလိုက်ကောက်ခံတဲ့ (Distance Fare Lin) ဘတ်စ်လိုင်းများဖြစ်သော
၃၇ (မှော်ဘီ TU-ဆူးလေ)
၃၇ (လှည်းကူး-ဆူးလေ)
၃၇ (ဥက္ကံ-ဆူးလေ) 
၁၃(ပါရမီ-ဗိုလ်တထောင်ဘုရား)
၅၅ (ပါရမီ-သခင်မြပန်းခြံ)                
စသည့် ယာဉ်လိုင်းများတွင် 
အတက်(၁)ကြိမ် နှင့် အဆင်းတွင်လည်း (၁)ကြိမ်မမေ့မလျော့ ကတ်ဖြတ်ပေးရန် လိုအပ်ပါသည်။
အကယ်၍ ကတ်ဖြတ်ရန် မေ့လျော့ပါက ခရီးစဉ်တစ်​ခုလုံးရဲ့(၁)ကြောင်းစာ ကျသင့်နှုန်းထားအပြည့်ကို ဖြတ်တောက် လိမ့်မည် ဖြစ်ပါသည်။ 

YPSကတ် အကြောင်းသိချင်သည်များ မေးမြန်းလိုလျှင်ဖြစ်စေ
YPS ကတ်အသုံးပြုရာ၌ အခက်အခဲတစ်စုံတစ်ရာရှိသဖြင့် မေးမြန်းလိုလျှင်ဖြစ်စေ
Yangon Payment Services - YPS
(Official Facebook Page Messenger) သို့ဖြစ်စေ
YPS Hotline ဖုန်းနံပါတ် 09-969990905 သို့ဖြစ်စေ 
တနင်္လာနေ့မှ သောကြာနေ့အထိ  နံနက် ၉နာရီမှ ညနေ ၄နာရီ အတွင်း တိုက်ရိုက်ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

 

Image YPS

 

 

Read 1831 times