YBS ဘတ်စ်ကားများအတွက် မှတ်တိုင်အရေအတွက်ဖြင့် ကောက်ခံသည့်စနစ်သစ်


YBS ဘတ်စ်ကားများအတွက် မှတ်တိုင်အရေအတွက်ဖြင့် ကောက်ခံသည့်စနစ်သစ်

YBS ယာဉ်များတွင် YPS ကတ် စနစ် အသုံးပြုသည့် ခရီးသည်များ ကို ယခင်ကဲ့သို့ ဂိတ်စ၊ ဂိတ်လယ် ဂိတ်ဆုံးသတ်မှတ်၍ ဖြတ်ပိုင်းခရီးစဉ် ကောက်ခံမည့်အစား မှတ်တိုင်အရေအတွက်ကို အခြေခံ ကောက်ခံသည့် စနစ်ဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းသို့ မှတ်တိုင်အရေအတွက် ပေါ်မူတည်၍ ကောက်ခံမည့်စနစ်ကို ကနဦးအနေဖြင့် YBS 28 နှင့် YBS 29 ယာဉ်လိုင်းများတွင်  Pilot Test အဖြစ် လုပ်ဆောင်ပါသည်။

ကောက်ခံမည့် ယာဉ်စီးခ ပုံစံသည် YBS-28 (ဒဂုံတက္ကသိုလ် ဆူးလေ မြို့တော်ခန်းမ) ယာဉ် လိုင်းတွင် မည်သည့်မှတ်တိုင်မဆို မိမိစတင်အသုံးပြုသည့် မှတ်တိုင်မှစ၍ စုစုပေါင်း ၂၅ မှတ်တိုင် ခရီးစဉ်အထိ ၂ဝဝ ကျပ်၊ စတက်မှတ်တိုင်မှ စုစုပေါင်း ၂၄ မှတ်တိုင်ကျော်လွန် စီးနင်းရသော ခရီးစဉ်ဆိုပါက ၃ဝဝ ကျပ်ကို YPS ကတ်ထဲမှ ဖြတ်တောက်ပါသည်။ 

အလားတူ YBS-29(ရွှေပေါက်ကံ တံတားထိပ်- ဆူးလေမြို့တော်ခန်းမ) ယာဉ်လိုင်းတွင် မည်သည့်မှတ်တိုင်မဆို မိမိစတင်အသုံးပြုသည့် မှတ်တိုင်မှစ၍ စုစုပေါင်း ၃၂ မှတ်တိုင် ခရီးစဉ်အထိ ဆိုပါက ၂ဝဝ ကျပ်၊ စတက်မှတ်တိုင်မှ စုစုပေါင်း ၃၂ မှတ်တိုင်ကျော်လွန် စီးနင်းရသော ခရီးစဉ်ဆိုပါ က ၃ဝဝ ကျပ် ကျသင့်ပါမည်။ 

လတ်တလောတွင် ကနဦးစမ်းသပ်  အသုံးပြုသည့် အစီအစဉ်ကို ဩဂုတ် ၁၂ ရက်မှ ၁၈ ရက်အထိ ငါးရက် စမ်းသပ် ဆောင်ရွက်ပါသည်။

  YPS ကတ်အသုံးပြုသူ ခရီးသွား များအနေဖြင့် မှတ်တိုင်အရေအတွက် ဖြင့် YPS ကတ် အသုံးပြုကာ တိကျသည့် ယာဉ်စီးခပေးချေမှုများ ပြုလုပ်နိုင် မည်ဖြစ်ကြောင်း သိရသည်။

Source: MDN 

 Telegram Channel https://t.me/Guid4U

#MyanmarAutomobileGuide 

Read 2264 times