YBS ယာဉ်လိုင်းငါးခု ခရီးအကွာအဝေးအလိုက် ယာဉ်စီးခ ပိုင်းခြားကောက်ခံ


YBS ယာဉ်လိုင်းငါးခု ခရီးအကွာအဝေးအလိုက် ယာဉ်စီးခ ပိုင်းခြားကောက်ခံ

YPS ကတ်ဖြင့် ယာဉ်စီးခ ပေးရာတွင် ခရီးအကွာအ‌ေဝးအလိုက်  ကောက်ခံမှုကို YBS ခရီးသည်တင် ယာဉ်လိုင်းငါးခုတွင် စတင် လုပ်ဆောင်နေပြီဟု သိရပါသည်။

ခရီးအကွာအဝေးအလိုက် ပိုင်းဖြတ်ကောက်ခံမှု ပြုသော ယာဉ်လိုင်းများမှာ 

  • ပါရမီ-ဗိုလ်တထောင်ဘုရား ပြေးဆွဲသော YBS-13 ယာဉ် လိုင်း၊
  •  ပါရမီ(ညောင်ပင်)-သခင်မြပန်းခြံ ပြေးဆွဲသော YBS 55 ယာဉ်လိုင်း၊ 
  •  ဥက္ကံ-ဆူးလေ (လမ်း- ၃၀) ပြေးဆွဲသော YBS 105 ယာဉ်လိုင်း၊ (စိန်ဂျွန်းအထိသာ ပြေးဆွဲပါသည်။ ဆူးလေ မရောက်ပါ)
  •  မှော်ဘီ- ဆူးလေ (လမ်း-၃၀) ပြေးဆွဲ နေသော YBS 106 ယာဉ်လိုင်း နှင့် 
  •  လှည်းကူး-ဆူးလေ (လမ်း၃၀) ပြေးဆွဲနေသော YBS 107 ယာဉ်လိုင်းတို့

ဖြစ်ပါသည်။

အဆိုပါ ယာဉ်လိုင်းငါးခုတိုတွင်  YPS ကတ်ဖြင့် ယာဉ်စီးခ ပေးသည့်အခါ  အတက်တစ်ကြိမ်၊ အဆင်း တစ်ကြိမ် ကတ်ဖြတ်ရန် လိုအပ်ပါသည်။
အဆင်းတွင် ကတ်မဖြတ်ပါက ခရီးစဉ် အစအဆုံးအတွက် ကောက်ခံလိမ့်မည်ဟု သိရပါသည်။


ဥပမာ YBPC ၏ ဘတ်စ်လိုင်းဖြစ်သော YBS - 106 ၏ ခရီးလမ်းကြောင်းမှာ -
ဥက္ကံ - အ​ဖျောက်တာဆုံ - တိုက်ကြီး - ​​မြောင်းတကာ - မှော်ဘီ - ​ထောက်ကြန့် - ပြည်လမ်း - ​စော်ဘွားကြီးကုန်း - ၈မိုင် - ​မြေနီကုန်း - စိန်ဂျွန်း(ဂိတ်ဖျား) - သခင်မြပန်းခြံ
ဖြစ်ပါသည်။


ယာဥ်စီးခနှုန်းထား ပိုင်းဖြတ်ထားပုံမှာ-

  • ဥက္ကံ  ⇄  တိုက်ကြီး          - ၂၀၀ကျပ်
  • တိုက်ကြီး ⇄ ​မှော်ဘီ        - ၂၀၀ကျပ်
  • ​မှော်ဘီ ⇄ ​ထောက်ကြန့်   - ၂၀၀ကျပ်
  • ​ထောက်ကြန့် ⇄ စိန်ဂျွန်း  -  ၃၀၀ကျပ်
  • ခရီးစဥ်စ/ဆုံး                  - ၁၀၀၀ကျပ်

လမ်းခရီးတွင် ဆင်းသည့်အခါ အဆင်း တစ်ကြိမ် ကတ်ဖြတ်ရန် ပျက်ကွက်ပါက  ခရီးစဥ်စ/ဆုံး  - ၁၀၀၀ကျပ် ကို ကောက်ခံမည် ဖြစ်ပါသည်။

Read 7523 times