YBS ည ၁၀ နာရီအထိပြေးဆွဲမည်


YBS ည ၁၀ နာရီအထိပြေးဆွဲမည်


ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) လက်အောက်ရှိ YBS ဘတ်စ်ကားလိုင်းများ ည ၈ နာရီအထိ အစား ၁၀ နာရီအထိ အချိန်တိုးချဲ့ မည်ဖြစကြောင်း YRTC က အသိပေးကြေညာထားသည်ကို ဖော်ပြအပ်ပါသည်။

 


အသိပေးကြေညာခြင်း။ 


ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) စီမံမှုအောက်ရှိ YBS ကုမ္ပဏီများမှ ခရီးသည်တင်ယာဉ်များအား ယခင်က ည (၁၀) နာရီမှ နံနက် (၄) နာရီအတွင်း ညမထွက်ရအမိန့်များထုတ်ပြန်ထားသဖြင့် ည (၈) နာရီအထိသာ ပြေးဆွဲပေးလျက်ရှိပါသည်။ 

ယခုအခါ ရန်ကုန်တိုင်းဒေသကြီးအတွင်း ညမထွက်ရအမိန့်ကို ည (၁၂) နာရီမှ နံနက် (၄) နာရီအထိ‌ ပြောင်းလဲပြင်ဆင်သတ်မှတ်ထားသဖြင့် ခရီးသွားလုပ်သားပြည်သူများ ခရီးသွားလာမှုအဆင်ပြေစေရန်အတွက် YBS ယာဉ်လိုင်းများကို ည (၁၀) နာရီအချိန်အထိ တိုးချဲ့ ပြေးဆွဲသွားရန်အတွက် YBS ယာဉ်လိုင်းကုမ္ပဏီများအား အသိပေးအကြောင်းကြားထားပါသည်။


ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)

Read 11766 times