YBS ပေါ်ကလိမ္မော်ရောင်ထိုင်ခုံလေးများ၏အဓိပ္ပာယ်


YBS စီးကြသည့်ခရီးသည်များအနေဖြင့်အသစ်ရောက်ရှိလာပြီးလက်ရှိပြေးဆွဲပေးနေသည့် YBS City Bus ကားသစ်များတွင်တပ်ဆင်ထားသည့်ထိုင်ခုံအပြာရောင်များအများကြီးထဲမှကား၏ဘယ်ဘက်အခြမ်းတွင်ပါသည့် ထိုင်ခုံလိမ္မော်ရောင်လေးများပါဝင်လာပါသည်။

ယင်းလိမ္မော်ရောင်ထိုင်ခုံလေးများ၏အဓိပ္ပာယ်မှာအလွန်စိတ်ဝင်စားစရာကောင်းပြီးသိရှိနားလည်လျှင်နိုင်ငံ ကြီးသားပီသရာရောက်ပါသည်။

ထိုလိမ္မော်ရောင်ထိုင်ခုံများမှာသက်ကြီးရွယ်အို၊မသန်စွမ်း၊ကိုယ်ဝန်ဆောင်မိခင်နှင့်ရဟန်းသံဃာတော်များစီးရန်သီးသန့်သတ်မှတ်ပေးထားသည့်ထိုင်ခုံလေးများဖြစ်ပါသည်။

ယင်းနေရာတွင်ထိုင်နေသည့်ခရီးသည်များသည်ယင်းပုဂ္ဂိုလ်များကားပေါ်တက်လာပါကမိမိထိုင်နေသည့်နေရာမှ ထပေးရမည်ဟူသောအသိလေးရှိရန်လိုအပ်ပါသည်။

တချို့ခရီးသည်များသည်ကားပေါ်တက်လာသည့်အခါထိုင်ခုံအပြာရောင်လေးနေရာလွတ်နေသော်လည်း ထိုင်ခုံလိမ္မော်ရောင်တွင်သွားထိုင်နေကြသည်ကိုတွေ့ရသည်။

ယင်းနေရာတွင်ထိုင်မိပါကသက်ကြီးရွယ်အို၊မသန်စွမ်း၊ကိုယ်ဝန်ဆောင်မိခင်နှင့် ရဟန်းသံဃာတော်များကားပေါ် သို့တက်လာသည့်အခါတွင်မိမိအသိစိတ်နှင့် ထပေးရန်လိုအပ်ပါသည်။

လိမ္မော်ရောင်ခုံလေးများမှာအလှတပ်ဆင်ထားခြင်းမဟုတ်ပဲ ၎င်းတွင်အဓိပ္ပာယ်သတ်မှတ်ချက်ရှိနေပါသည်။

မိမိသွားရမည့်ခရီးဝေးပါကကားချောင်သည့်အခါအထဲတွင်ထိုင်ခုံအပြာရောင်လေးများကိုသာရွေးထိုင်ရန် အကြံပြုပေးထားပါသည်။

ယင်းထိုင်ခုံများ၏ဘေးဘက်တွင်လည်းပုံလေးနှင့်စာကပ်ထားပါသည်။

တချို့မှာရဟန်း၊သံဃာများအတွက်သာထားသည်ဟုထင်ပြီးရဟန်း၊သံဃာများလာမှနေရာထပေးတတ် ကြပါသည်။

သက်ကြီးရွယ်အိုး၊မသန်စွမ်းကိုယ်ဝန်ဆောင်မိခင်များကားပေါ်တတ်လာပါကထိုင်ခုံလိမ္မော်ရောင်လေးမှာထိုင်နေ သည့်ခရီးသည်များကမိမိ၏အသိစိတ်ဓာတ်လေးနှင့်ထိုင်နေရာမှထ ပေးဖို့တာဝန်ရှိပါသည်။

ယင်းမှာနိုင်ငံတကာသတ်မှတ်ချက်ဖြစ်ပြီးထိုင်ခုံလိမ္မော်ရောင်လေးမှာထိုင်ခုံအပြာရောင်များကြားတွင်အလှတပ်ဆင်ထားခြင်းမဟုတ်ပါ။

Read 2524 times