ယခုလအတွင်း ရန်ကုန်မြို့ပတ်ယာဉ်လိုင်းသစ်ကို Scania ကားများဖြင့်ပြေးဆွဲမည်


ယခုလအတွင်း ရန်ကုန်မြို့ပတ်ယာဉ်လိုင်းသစ်ကို Scania ကားများဖြင့်ပြေးဆွဲပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်သူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရသည်

အောင်မင်္ဂလာအဝေးပြေးဂိတ်မှ အခြေပြု၍ ရန်ကုန်မြို့ပတ်ပြေးဆွဲမည့် မြို့ပတ်ကားဝန်ဆောင်မှုအတွက် Scania ကားများဖြင့် ပြေးဆွဲခွင့်ပြုရန် City Transport ကုမ္ပဏီက ခွင့်ပြုချက် တောင်းခံထားကြောင်း သိရသည်။

"ရန်ကုန်မြို့ပတ် ယာဉ်လိုင်းသစ်ပြေးဆွဲဖို့ ခွင့်ပြုချက်တောင်းခံထားတာ ရှိပါတယ်၊ City Transport ကုမ္ပဏီက တင်ပြထားတာဖြစ်ပြီး Scania ကားတွေနဲ့ ပြေးဆွဲမှာ ဖြစ်ပါတယ်၊ မြို့တစ်ပတ်ခရီးစဉ် အစအဆုံး စီးမယ်ဆို တစ်ထောင်ကျပ် ကျသင့်မှာဖြစ်ပြီး တစ်ဝက်ဆိုရင်တော့ ငါးရာကျပ် ကျသင့်မှာ ဖြစ်ပါတယ်၊ စတင်ပြေးမှာက အောင်မင်္ဂလာအဝေးပြေးဂိတ်ကဖြစ်ပြီး ကနဦးမှာ ကားအစီး ငါးဆယ်နဲ့ စတင်မှာပါ"ဟု YRTA အတွင်းရေးမှူး ဒေါက်တာ မောင်အောင်ကဆိုသည်။

ရန်ကုန်မြို့ပတ် ကားခရီးစဉ်အတွက် အောင်မင်္ဂလာအဝေးပြေး-သုဓမ္မာလမ်း-ကမ္ဘာအးဘုရားလမ်း-ပါရမီလမ်း-သံသုမာလမ်း-သွားဆေးတက္ကသိုလ်-သုဝဏ္ဏလမ်းဆုံ-အထက်ပုစွန်တောင်လမ်း-ဗိုလ်တထောင်ဘုရားလမ်း-ကမ်းနားလမ်း-သခင်မြပန်းခြံ-ကြည့်မြင်တိုင်ကမ်းနားလမ်း-ဘုရင့်နောင်လမ်း-အောက်မင်္ဂလာဒုံလမ်း-ခရေပင်လမ်းခွဲ-အမှတ်(၃)လမ်းဆုံမှ အောင်မင်္ဂလာအဝေးပြေးသို့ ပြေးဆွဲရန် လျာထားကြောင်း သိရသည်။

Read 795 times