YBS အထူးယာဉ်မောင်းသင်တန်းအတွက် သင်တန်းသားလျှောက်လွှာခေါ်ယူ


YBS အထူးယာဉ်မောင်းသင်တန်းအတွက် သင်တန်းသားလျှောက်လွှာခေါ်ယူ

၁။ရန်ကုန်မြို့တွင်း YBS ယာဉ်ကြီးများ မောင်းနှင်ရန်အတွက် ယာဉ်မောင်းများ အလိုရှိပါသဖြင့် အထူးယာဉ်မောင်းသင်တန်းကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ကုန်းလမ်းပို့ဆောင်ရေးနှင့် YRTC တို့ပူးပေါင်း၍ သင်တန်းအမှတ်စဉ် (၂၄/၂၀၂၂)အား ၂၀၂၂ ခုနှစ်ဇူလိုင်လဒုတိယအပတ်တွင်ဖွင့်လှစ် သွားမည်ဖြစ်ပါသည်။ 

YBS အထူးယာဉ်မောင်းသင်တန်းသို့ အောက်ဖော်ပြပါအချက်အလက် ပြည်စုံ သူများ လျှောက်ထားနိုင်ပါသည် -

(က) “ခ” လိုင်စင် အနည်းဆုံး (၃) နှစ် သက်တမ်းရှိရမည်။ “င” လိုင်စင်ရှိသူများလည်း လျှောက်ထားနိုင်သည်။

( ခ) အသက် (၂၃) နှစ်မှ (၅၅) နှစ်အတွင်း ရှိရမည်။

( ဂ) ယာဉ်ကြီးမောင်းနှင်သည့် အတွေ့အကြုံရှိရမည်။

(ဃ) လက်ရှိ YBS ယာဉ်လိုင်းများတွင် မောင်းနှင်သူများဖြစ်ပါက သက်ဆိုင်ရာ ယာဉ်လိုင်း ကုမ္ပဏီ၏ ထောက်ခံချက်ပါရှိရမည်။

( င) အခြေခံပညာအလယ်တန်းအဆင့် အောင်မြင်ပြီးသူဖြစ်ရမည်။

၂။ သင်တန်းဖွင့်လှစ်မည့်အစီအစဉ် (က) သင်တန်းပြီးဆုံးအောင်မြင်ပါက မူလလျှောက်ထားသည့် ယာဉ်လိုင်းကုမ္ပဏီများတွင် ဆက်လက်မောင်းနှင်ခွင့်ပြုမည်။

( ခ) သင်တန်းကာလကို ရက်သတ္တပတ် (၄) ပတ်တက်ရောက်ရမည်ဖြစ်ပြီး သင်တန်း

အောင်မြင်လျှင် YBS မောင်းနှင်ခွင့်ကတ်ပြားရရှိပါမည်။

( ဂ) ယာဉ်မောင်းသင်တန်းကိုသင်တန်းသားစုစုပေါင်း (၁၅၀) ဦးခေါ်ယူသွားမည်ဖြစ်သည်။

(ဃ) လျှောက်လွှာယူခြင်းနှင့်တင်ရမည့်နေရာ YRTC(ရုံးချုပ်) 

(ကျိုက္ကဆံ စူပါဝမ်းကုန်တိုက် အနီး)

 အမှတ် (၆၅) လေးထောင့်ကန်လမ်း၊

  မာန်အောင်ရပ်ကွက်၊

   တာမွေမြို့နယ်၊ ရန်ကုန်မြို့

၃။ သင်တန်းသားဦးရေအကန့်အသတ်ရှိပါ၍အမြန်ဆုံးလာရောက်လျှောက်ထားကြပါရန်နှင့် အသေးစိတ်သိရှိလိုပါက ဖုန်း ၀၁ - ၈၄၀၀၀၄၂ သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။

 Telegram Channel

https://t.me/Guid4U

Read 12721 times