"YBS အထူးယာဉ်ကြီးမောင်းသင်တန်း" အမှတ်စဉ် (၂၃)ဖွင့်လှစ်


"YBS အထူးယာဉ်ကြီးမောင်းသင်တန်း" အမှတ်စဉ် (၂၃)ဖွင့်လှစ်

ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာန၊ ကုန်းလမ်း ပို့ဆောင်ရေးနှင့် ရန်ကုန်တိုင်း ဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)တို့ပူးပေါင်း၍ "YBS အထူးယာဉ်ကြီးမောင်းသင်တန်း" အမှတ်စဉ် (၂၃) သင်တန်းကို ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီလမ်း၊ ကုန်းလမ်းပို့ဆောင်ရေး၊ ခပ (၅) သင်တန်းခန်းမ၌ ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ပါသည်။

အခမ်းအနားတွင်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင် ရေးကြီးကြပ်မှုကော်မတီတွဲဖက် အတွင်းရေးမှူး ဦးလျန်ကျင့်မန်က အဖွင့်အမှာစကားပြောကြားရာတွင် "YBS အထူးယာဉ်ကြီးမောင်းသင်တန်း"ကို ၂၀၁၇ ခုနှစ် ဇူလိုင်မှစ၍ ဖွင့်လှစ်ခဲ့ရာ အမှတ်စဉ် ၂၂ အထိ သင်တန်းသား ၂,၅၈၈ ဦးကို ပို့ချသင်ကြားပေးခဲ့ပြီး (င)ယာဉ်မောင်းလိုင်စင် ၂,၂၉၇ ဦးတို့ကို အောင်မြင်ခဲ့ကြောင်း အသိပေးပြောကြားပါသည်။

သင်တန်းသို့ (င) (ခ)နှင့် (ဃ) ယာဉ်မောင်းလိုင်စင် ရရှိထားပြီး ဖြစ်သူများ တက်ရောက်ခဲ့ပါသည်။

အဆိုပါသင်တန်းတွင် ယာဉ်စည်းကမ်း၊ လမ်း စည်းကမ်းများအပြင် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ CNGသဘာဝဓာတ်ငွေ့.ဌာန၊ ယာဉ်ထိန်းရဲတပ်ဖွဲ့တို့က လာရောက် ပို့ချပေးပါသည်။

ပြည်သူ့နီတိဘာသာရပ်ကိုလည်း ထည့်သွင်း ပို့ချသွာမည်ဖြစ်ကြောင်း သိရပါသည်။

ပုံမှန်အားဖြင့် (ခ)ယာဉ်မောင်းလိုင်စင်သက်တမ်း ငါးနှစ်ပြည့်မှသာ (င)ယာဉ်မောင်းလိုင်စင် ဖြေဆိုခွင့်ရှိပါသည်။ ယခုသင်တန်း မှာအထူးကိစ္စရပ်အဖြစ် (ခ) ယာဉ်မောင်းလိုင်စင်သက်တမ်း သုံးနှစ်ပြည့်လျှင် ဝင်ရောက်ဖြေဆိုခွင့် ပေးထားပါသည်။

"YBS အထူးယာဉ်ကြီးမောင်းသင်တန်း"အမှတ်စဉ် (၂၃)သို့ သင်တန်းသား ၉၅ ဦးတက် ရောက်ကြပြီး သင်တန်းကာလမှာ ရက်သတ္တပတ် ၃ ပတ်ဖြစ်ပါသည်။

Read 8574 times