YBS အထူးယာဉ်မောင်းသင်တန်းအတွက် သင်တန်းသားလျှောက်လွှာခေါ်ယူ


YBS အထူးယာဉ်မောင်းသင်တန်းအတွက် သင်တန်းသားလျှောက်လွှာခေါ်ယူ


YBS ယာဉ် မောင်းနှင်လိုသူများအတွက်- 
၈တန်းအောင်ပြီးသူ၊ (ခ) လိုင်စင်၊ (င)လိုင်စင်ရှိသူ၊ အသက် ၂၅ နှစ် မှ ၅၅ နှစ် အတွင်း အမျိုးသားများအတွက် YBS အထူးယာဉ်မောင်းသင်တန်းသား အယောက် (၁၅၀) ဦးအတွက်လျှောက်လွှာခေါ်ယူခြင်း ဖြစ်ပါသည်။ 
အသေးစိတ်ဆက်သွယ်ရန်
ဖုန်း: 01-8400042


ရန်ကုန်မြို့တွင် YBSယာဉ်ကြီးများ မောင်းနှင်ရန်အတွက် ယာဉ်မောင်းများ အလိုရှိပါသဖြင့် အထူးယာဉ်မောင်းသင်တန်းကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဌာန၊ ကုန်းလမ်းပို့ဆောင်ရေးနှင့် YRTC တို့ပူးပေါင်း၍ သင်တန်းအမှတ်စဉ်(၁/၂၀၂၂) အား ၂ဝ၂၂ခုနှစ်၊ ဖေဖော်ဝါရီလ ပထမအပတ်တွင် ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။ 
YBS အထူးယာဉ်မောင်းသင်တန်းသို့ အောက်ဖော်ပြပါ အချက်အလက်ပြည့်စုံသူများ လျှောက်ထားနိုင်ပါသည်
(က) “ခ” လိုင်စင် အနည်းဆုံး(၃)နှစ်သက်တမ်းရှိရမည်။ “င” လိုင်စင်ရှိသူများလည်း လျှောက်ထားနိုင်သည်။
(ခ) အသက်(၂၅)နှစ်မှ (၅၅)နှစ်အတွင်း ရှိရမည်။
(ဂ) ယာဉ်ကြီးမောင်းနှင်သည့် အတွေ့အကြုံရှိရမည်။
(ဃ) လက်ရှိ YBS ယာဉ်လိုင်းများတွင် မောင်းနှင်သူများဖြစ်ပါက သက်ဆိုင်ရာ ယာဉ်လိုင်းကုမ္ပဏီ၏ထောက်ခံချက်ပါရှိရမည်။
(င) အခြေခံပညာအလယ်တန်းအဆင့် အောင်မြင်ပြီးသူဖြစ်ရမည်။ 


သင်တန်းအစီအစဉ်
(က) သင်တန်းပြီးဆုံးအောင်မြင်ပါက မူလလျှောက်ထားသည့် ယာဉ်လိုင်း ကုမ္ပဏီများတွင် ဆက်လက်မောင်းနှင်းခွင့်ပြုမည်။
(ခ) သင်တန်းကာလကို ရက်သတ္တပတ် (၄)ပတ် တက်ရောက်ရမည်ဖြစ်ပြီး သင်တန်းအောင်မြင်လျှင် YBSမောင်းနှင်ခွင့် ကတ်ပြားရရှိပါမည်။
(ဂ) ယာဉ်မောင်းသင်တန်းကို သင်တန်းသား စုစုပေါင်း (၁၅၀)ဦး ခေါ်ယူ သွားမည် ဖြစ်သည်။
(ဃ) လျှောက်လွှာယူခြင်းနှင့် တင်ရမည့်နေရာ YRTC (ရုံးချုပ်)
 (ကျိုက္ကဆံ စူပါဝမ်း ကုန်တိုက်အနီး) အမှတ်(၆၅)၊ လေးထောင့်ကန်လမ်း၊ 
 မာန်အောင်ရပ်ကွက်၊ တာမွေမြို့နယ်။
 အသေးစိတ်သိရှိလိုပါက 
 ဖုန်း-၀၁-၈၄၀၀၀၄၂ 
 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်

Read 5407 times