“YBS”မော်တော်ယာဉ်ကြီးမောင်း သင်တန်းကျောင်း သင်တန်းသားလျှောက်လွှာခေါ်ယူ


“YBS”မော်တော်ယာဉ်ကြီးမောင်း သင်တန်းကျောင်း
သင်တန်းသားလျှောက်လွှာခေါ်ယူ

TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U

၁။ ရန်ကုန်မြို့တွင်း YBS ယာဉ်ကြီးများ မောင်းနှင်ရန်အတွက်ကျွမ်းကျင် ယာဉ်မောင်းများလိုအပ်လျက်ရှိပါသဖြင့် “YBS” မော်တော်ယာဉ်ကြီးမောင်း သင်တန်းကို ရန်ကုန်ဘတ်စ်ကား အများနှင့်သက်ဆိုင်သောကုမ္ပဏီ လီမိတက်မှ YRTC ၏ ကြီးကြပ်မှုဖြင့် သင်တန်းအပတ်စဉ်(၁/၂၀၂၄)အား ၂ဝ၂၄ ခုနှစ် ဇန်နဝါရီလ စတုတ္ထပတ်တွင် ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။ “YBS” မော်တာ်ယာဉ်ကြီးမောင်းသင်တန်းသို့ အောက်ဖော်ပြပါ အချက် အလက်ပြည့်စုံသူများလျှောက်ထားနိုင်ပါသည်-

(က) “ခ”လိုင်စင်အနည်းဆုံး (၅)နှစ်သက်တမ်းရှိရမည်။

(ခ) အသက် (၂၅)နှစ်မှ (၅၅)နှစ်အတွင်းရှိရမည်။

(ဂ) အခြေခံယာဉ်မောင်းနှင်နိုင်မှုအား သင်တန်းမှ စစ်ဆေးရွေးချယ် ပါမည်။

(ဃ) အခြေခံပညာအလယ်တန်းအဆင့်အောင်မြင်ပြီးသူဖြစ်ရမည်။

၂။ သင်တန်းဖွင့်လှစ်မည့်အစီအစဉ်

(က) သင်တန်းကာလ (၁)လ တက်ရောက်ရမည်။

(ခ) ယာဉ်မောင်းသင်တန်းကို သင်တန်းသား စုစုပေါင်း (၅၀)ဦး ခေါ်ယူသွားမည်ဖြစ်သည်။

(ဂ) လျှောက်လွှာယူခြင်းနှင့် တင်ရမည့်နေရာ
 ရန်ကုန်ဘတ်စ်ကား အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်၊ 
အမှတ် (၇) ထောက်ကြန့်မြို့ရှောင်လမ်း၊ 
ဘွတ်ကြီးကျေးရွာအုပ်စု၊ 
မှော်ဘီ မြို့နယ်၊ ရန်ကုန်မြို့။

၃။ သင်တန်းသားဦးရေ အကန့်အသတ်ရှိပါ၍ အမြန်ဆုံးလာရောက် လျှောက်ထားကြပါရန်နှင့် အသေးစိတ်သိရှိလိုပါက ဖုန်း ၀၉-၇၆၆၀၂၉၂၈၀ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Source YBPC
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U

Read 327 times