ဇူလိူင်လတွင် YBS ယာဉ်လိုင်းများတွင် ကတ်စနစ်ကျင့်သုံရန် ခန့်မှန်းထား


ရန်ကုန်မြို့၌ ပြေးဆွဲလျက်ရှိသည့် ခရီးသည်တင်ယာဉ်လိုင်းများတွင် ကတ်စနစ်ကျင့်သုံးရန် ဆောင်ရွက်ထားပြီး အဆင်မပြေသည့် တံခါးတစ်ပေါက်သာပါရှိသော မီနီဘတ်စ်ယာဉ်များကို လမ်းကြောင်းပြောင်းလဲပြေးဆွဲရန် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးာကပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာမောင်အောင်ထံမှ သိရပါတယ်။

လက်ရှိတွင် YBS ယာဉ်လိုင်းများ၌ ကတ်စနစ်ကျင့်သုံးရန် အကောင်အထည်ဖော်ဆောင်ရွက်နေသော်လည်း တံခါးတစ်ပေါက်သာပါသည့် မီနီဘတ်စ်ယာဉ်များတွင် ယင်းစနစ်ကျင့်သုံးရန်အဆင်မပြေကြောင်း၊ ယင်းမီနီဘတ်စ်ယာဉ်များကို ကတ်စနစ်ကျင့်သုံး၍ မရနိုင်သည့်နေရာများသို့ ပြောင်းလဲပြေးဆွဲပေးရန်စီစဉ်နေပြီး YBS ပြေးဆွဲခြင်း နှစ်နှစ်ပြည့်နေ့မှစ၍ ရန်ကုန်မြို့ Downtown ဧရိယာအတွင်းပြေးဆွဲနေသော YBS ယာဉ်များတွင်စတင်အသုံးပြုရန် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရည်မှန်းထားကြောင်း သိရပါတယ်။ယင်းကတ်စနစ်ကို အသုံးပြုနေသည့်အချိန်တွင် ငွေသားထည့်၍ စီးနင်းလိုသူများအတွက်လည်း ငွေပုံးများကို ဆက်လက်ထားရှိပေးမည်ဖြစ်ပြီး ကတ်စနစ်ကို အောင်မြင်သည်အထိ လုပ်ဆောင်မည်ဖြစ်ကြောင်းသိရပါတယ်။

"မီနီဘတ်စ်ယာဉ်တွေ ပြေးဆွဲဖို့ လမ်ကြောင်းရှာပေးမယ်။ ငွေထည့်တဲ့စနစ်ကတော့ ဆက်ရှိနေဦးမှာပါ။ ကတ်စနစ်ကျင့်သုံးလို့မရတဲ့ မီနီဘတ်စ်ယာဉ်တွေကို တဖြည်းဖြည်းကတ်စနစ်အသုံးပြုလို့ရအောင်ဆောင်ရွက်သွားမယ်။ ကတ်စနစ်ကျင့်သုံးမရတဲ့ ယာဉ်တွေကိုတော့ လမ်းကြောင်းပြောင်းပြေးဆွဲဖို့ စီစဉ်သွားမှာပါ။ မြို့တွင်းမှာ ဒီယာဉ်တွေပြေးဆွဲမှုလည်း များနေတာကို တွေ့ရပါတယ်"ဟု ဒေါက်တာမောင်အောင်ကပြောပါတယ်။

လက်ရှိ ရန်ကုန်မြို့တွင်းပြေးဆွဲနေသည့် ယာဉ်လိုင်းတချို့တွင် ယာဉ်အကူများ လိုက်ပါလျက်ရှိပြီး တံခါးပေါက်တစ်ခုသာပါဝင်သည့် မီနီဘတ်စ်ယာဉ်များ၊ တံခါးပါက်ပျက်နေသည့် ယာဉ်များနေရာ၌ အဆင့်မီ မော်တော်ယာဉ်များဖြင့် ပြောင်းလဲပြေးဆွဲရန်လည်း ပြည်သူများက တောင်းဆိုမှုရှိနေကြောင်း သိရပါတယ်။ YBS စနစ်အတွင်း မော်တော်ယာဉ်အစီးရေ ၄၅၀၀ ကျော်ဖြင့် ပြေးဆွဲနေပြီး ကတ်စနစ်အသုံးပြုရန် စက်ကိရိယာများ တပ်ဆင်ရာတွင် ယာဉ်အခြေနေကြံ့ခိုင်မှုရှိသည့် ပထမဆုံး အစီးရေ ၂၀၀၀ တွင် စတင်အသုံးပြုမည်ဖြစ်ကြောင်း သိရပါတယ်။ ကတ်တစ်ကတ်၏ တန်ဖိုးသည် ငွေကျပ် ၁၀၀၀ဖြစ်ပြီး ငွေကျပ် ၁၀၀၀ ကတ်အတွင်းသို့ ထည့်သွင်းအသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင် ပထမဆုံးကတ် တစ်သိန်းစာအတွက် ကတ်တန်ဖိုးပေးရန်မလိုကြောင်း သိရပါတယ်။အဆိုပါကတ်စနစ်ကို Asia Starmar Transport Intelligent ကုမ္ပဏီက လုပ်ကိုင်ခွင့်ရရှိထားပြီး ယခုနှစ် ဇူလိုင်လတွင် စတင်အသုံပြုနိုင်မည် ခန့်မှန်းထားကြောင်းလည်း သိရပါတယ်။

မြဝတီ

Read 398 times