YBS ခရီးသည်တင်ယာဉ် ၁၃၇ စီးကို ပြစ်ဒဏ်ချမှတ်အရေးယူ


YBS ခရီးသည်တင်ယာဉ်များ စည်းကမ်းဖောက်ဖျက်မှု များ များပြားလာသဖြင့် YRTC မှ စည်းကမ်း ထိန်းသိမ်းရေးအပိုင်းများနှင့် စစ်ဆေးကြပ်မတ်မှုများ ဆောင်ရွက်လျက်ရှိရာ သတ်မှတ်ထားသော စည်းကမ်းချက်များ ဖောက်ဖျက်ကျူးလွန်သော YBS ခရီးသည်တင်ယာဉ် ၁၃၇ စီးကို စစ်ဆေးတွေ့ရှိရ၍ ပြစ်ဒဏ်ချမှတ်အရေးယူထားကြောင်း သိရပါသည်။

စပယ်ယာတင်၊ ယာဉ်စီးခ ၅၀၀ ကျပ်နှင့်အထက်တောင်းခံသည့်ယာဉ် ၁၃၇ စီး တို့ကို ၂၀၂၁  ခုနှစ်အောက်တိုဘာလ ၇ ရက်နေ့မှစတင်၍ CNG သို့မဟုတ် လုပ်ငန်းလိုင်စင် သတ်မှတ်ကာလအတိုင်း ပိတ်ပင်၍ အရေးယူခဲ့ကြောင်း သိရပါသည်။

အရေးယူခံရသည့် ယာဉ်စာရင်းကို YRTC ၏ လူမှုကွန်ရက်စာမျက်နှာတွင် တင်ပြထားပါသည်။

ခရီးသည်တို့၏ အဆင်မပြေမှုများကို 
call center: 
09 448147149, 
09 448147153, 
09 448147154 
သို့ ဆက်သွယ်၍ လည်းကောင်း
Facebook လူမှုကွန်ရက်စာမျက်နှာ၏ CB (Chatbox) တွင် လည်းကောင်း
ယာဉ်နံပါတ်၊ ယာဉ်လိုင်းနံပါတ်များနှင့်တကွ အချက်အလက်များ အသိပေးတိုင်ကြား နိုင်ကြောင်း သိရပါသည်။

YRTC အနေဖြင့် ခရိုင် ၄ ခရိုင်ကို စစ်ဆေးရေးအဖွဲ့ ၄ ဖွဲ့ဖြင့် နေ့စဉ် ယာဉ် စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းများ စစ်ဆေးဆောင်ရွက်လျက် ရှိသည်ဟု သိရသည်။

ခရီးသည်အသွင်ယူ၍ YBS ဘတ်စ်ကားများပေါ်သို့ လိုက်ပါစီးနင်းစေပြီး ယာဉ်စီးခ ပိုမိုတောင်းခံခြင်းရှိ၊ မရှိ စစ်ဆေး ဆောင်ရွက်နေခြင်းများလည်းရှိပါသည်။

ကုမ္ပဏီပိုင် ယာဉ်များထက် တစ်ဦးချင်းပုဂ္ဂလိကပိုင်ယာဉ်များက စည်းကမ်း ဖောက်ဖျက်မှု ကျူးလွန်မှု ပိုမိုများပြားသည်ကို စိစစ်တွေ့ရှိခဲ့ရသည်ဟု သိရသည်။

YRTC ၏ ပြစ်မှုပြစ်ဒဏ် ၁၃၈ ချက်အရ ယာဉ်စီးခ ပိုမို တောင်းခံမှုအတွက် ပြစ်ဒဏ်သတ်မှတ်ချက်မှာ ဒဏ်ကြေးငွေ ၃၀,၀၀၀ ကျပ်နှင့် ယာဉ်လိုက်ခွင့် တစ်လပိတ် ပြစ်ဒဏ်သာ အရေးယူနိုင်သဖြင့် အဆိုပါပြစ်ဒဏ်မှာ ထိရောက်မှုမရှိသောကြောင့် ပိုမိုထိရောက်သော ပြစ်ဒဏ်ချမှတ် ထားကြောင်း သိရပါသည်။


ပြင်ဆင်သတ်မှတ်ထားသည့် ပြစ်ဒဏ်များ

(က) ခရီးစဉ်မှတ်တမ်းမပါ
CNG (၃)လပိတ်ရန်၊

( ခ) ယာဉ်အကူပါ
CNG (၃)လပိတ်ရန်၊

( ဂ) ယာဉ်စီးခ ၅ဝဝိ/ ၁၀၀ဝိ/ တောင်း
CNG (၆)လပိတ်ရန်၊


(ဃ) ယာဉ်အကူပါယာဉ်စီးခ ၅ဝဝိ/နှင့် အထက်တောင်း
CNG (၁)နှစ်ပိတ်နှင့် လုပ်ငန်းလိုင်စင်(၁)နှစ်ပိတ်ရန်

( င) ဒီဇယ်ဆီအသုံးပြုယာဉ်ဖြစ်ပါက
လုပ်ငန်းလိုင်စင်(၁)နှစ်ပိတ်ရန်

 

 

Read 88251 times