ပြီးခဲ့သည့်နှစ်တွင် စည်းကမ်းဖောက် ဖျက်သည့် YBS ယာဉ်များကို Complaint Centre မှတစ်ဆင့် တိုင်ကြားခဲ့ရာ အမှုပေါင်း ၂,၅၀၀ ကျော်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရပါတ
၂၀၁၈ ခုနှစ်အတွင်း ယာဉ်စီးခ ပိုမိုတောင်းခံခြင်း ၊ မချေမငံ ဆက်ဆံခြင်းနှင့် မှတ်တိုင်တွင် ယာဉ်ရပ်နားမှု မရှိခြင်းစသည် YBS ယာဉ်များကို ခရီးသွားပြည်သူများက Complaint Centre တစ်ဆင့် တိုင်ကြားခဲ့ရာ ၂,၅၉၃ မှုအထိ ရှိခဲ့ပါတယ်။ ထိုနှစ်အတွင်း လအလိုက်တိုင်ကြားမှုများအရ ဇန်နဝါရီလတွင် အမှု ၃၅၀ ၊ ဖေဖော်ဝါရီလတွင် အမှု ၁၈၀၊ မတ်လတွင် အမှုပေါင်းနှစ်ရာ ၊ ဧပြီလတွင် အမှု ပေါင်း ၁၉၀ ၊ မေလတွင် အမှုပေါင်း ၁၆ဝ ၊ ဇွန်လတွင် အမှုပေါင်း ၁၅၀ ၊ ဇူလိုင်လတွင် အမှုပေါင်း ၂၂၀ ၊ သြဂုတ်လတွင် အမှုပေါင်းနှစ်ရာ ၊ စက်တင်ဘာလတွင် အမှုပေါင်း ၂၁၀ ၊ အောက်တိုဘာလတွင် အမှု ပေါင်း ၁၈၀ ၊ နိုဝင်ဘာလတွင် အမှုပေါင်း ၂၆၀ နှင့် ဒီဇင်ဘာလတွင် အမှု ၂၅၀ တို့ ရှိခဲ့ပါတယ်။
“YBS ယာဉ်စည်းကမ်းဖောက်ဖျက်တာတွေကို YRTA ရုံးနဲ့ Hotline ဖုန်းနံပါတ်တွေကတစ်ဆင့် ၂၄ နာရီ တိုင်ကြားနိုင်ပါတယ် ၊ YRTA အနေနဲ့ ခရီးသွားပြည်သူတွေရဲ့ တိုင်ကြားမှုတွေကို စိစစ်ပြီး ပြစ်မှုထင်ရှားရင် အနိမ့်ဆုံး ငွေဒဏ်ကနေ အမြင့် ဆုံးပြစ်ဒဏ်ဖြစ်တဲ့ ယာဉ်လိုင်းကနေ ထုတ်ပယ်တဲ့အထိ အရေးယူဆောင်ရွက်နေပါတယ်”ဟု အထက်ပါ ဌာန မှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။
YBS ယာဉ်များ ယာဉ်စီးခ ပိုမိုကောက်ခံခြင်း၊ ခရီးစဉ် အစ/ အဆုံးမပြေးဆွဲခြင်း ၊ မချေမငံ ပြောဆိုဆက်ဆံခြင်း စသည့် စည်းကမ်းဖောက်ဖျက်ခြင်းများ အပါအဝင် အကြံပြုတိုင်ကြားလိုပါက YRTA ရုံးနှင့် Hotline ဖုန်းနံပါတ်များဖြစ် သည့် ၀၉ ၄၄၈ ၁၄၇ ၁၄၉ ၊ ၀၉ ၄၄၈ ၁၄၇ ၁၅၃ ၊ ၀၉ ၄၄၈ ၁၄၇ ၁၅၄ တို့သို့ တိုင်ကြားနိုင်ကြောင်း သိရပါတယ်။