YBS ယာဉ်လိုင်း အသစ်တစ်လိုင်း ပြည်ထောင်စုနေ့တွင် တိုးမည်


YBS ယာဉ်လိုင်း အသစ်တစ်လိုင်း ပြည်ထောင်စုနေ့တွင် တိုးမည်

ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့တွင်YBS ယာဉ်လိုင်း အသစ်တစ်လိုင်းဖြစ်သော YBS ယာဉ်လိုင်းနံပါတ် ၁၂၇ ကို စတင်ပြေးဆွဲမည်ဟု သိရပါသည်။
YBS YBS ယာဉ်လိုင်းနံပါတ် ၁၂၇ ပြေးဆွဲမည့် လမ်းကြောင်းမှာ  မြန်မာ့သားကောင်းစစ်မှုထမ်းဟောင်းအိမ်ရာ တွင် စတင်မည်ဖြစ်ပြီး  မြန်မာ့သားကောင်းစစ်မှုထမ်းဟောင်းအိမ်ရာတွင် ပြန်လည် အဆုံးသတ်မည် ဖြစ်သည်။ 

 မြန်မာ့သားကောင်းစစ်မှုထမ်းဟောင်းအိမ်ရာ - ဘုရင့်နောင်လမ်း -

လေးထောင့်ကန် - အမှတ်(၂)လမ်း -

တောင်/မြောက်လမ်းဆုံ - ရာဇာဓိရာဇ်လမ်း -

ဘုန်းကြီးကျောင်းကွေ့ - မင်းရဲကျော်စွာလမ်း -

စိတ်ကျန်းမာရေးဆေးရုံ - အမှတ် (၇) လမ်း -

မစိုထိပ် - အမှတ် (၂) လမ်း - လေးထောင့်ကန် -

ဘုရင့်နောင်လမ်း - မြန်မာ့သားကောင်းစစ်မှုထမ်းဟောင်းအိမ်ရာ


ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့မှစ၍ YBS ယာဉ်လိုင်းနံပါတ်တူ ဂိတ်ရင်း၊ ဂိတ်ဖျားမတူယာဉ်လိုင်းများအား ယာဉ်လိုင်းနံပါတ်ပြောင်းလဲသတ်မှတ်မည် ဖြစ်ရာ နောက်ဆုံးအကြီးဆုံးနံပါတ်မှာ ၁၂၆ ဖြစ်ပါသည်။ 
ယခု လိုင်းသစ်မှာ ၁၂၇ ဖြစ်ပြီး အကြီးဆုံးနံပါတ် ဖြစ်ပါသည်။ 

Myanmar Automobile Guide တွင် လိုင်းနံပါတ်များ ပြောင်းသည့်အကြောင်းကို ဖတ်ရှုလိုပါက ဖော်ပြပါ ခေါင်းစဉ်ငယ်ကို ထိပါ။

YBS ယာဉ်လိုင်းနံပါတ်တူ ဂိတ်ရင်း၊ ဂိတ်ဖျားမတူယာဉ်လိုင်းများအား ယာဉ်လိုင်းနံပါတ်ပြောင်းလဲသတ်မှတ်

 

Read 13345 times