ကုမ္ပဏီအမည်ပေါက် Nissan Tiida ကားအစီး တစ်ရာကို တစ်စီးလျှင် ကျပ်သိန်း ၁၁၀ ဖြင့် ရောင်းချမည်


ရောင်နီဦးတက္ကစီများဖြစ်သော ကုမ္ပဏီအမည်ပေါက် Nissan Tiida ကားအစီး တစ်ရာကို တစ်စီးလျှင် ကျပ်သိန်း ၁၁၀ ဖြင့် ရောင်းချမည်။

ရောင်နီဦးကုမ္ပဏီမှ ရောင်းချပေးမည့် ကားများမှာ ၂၀၀၆ နှင့် ၂၀၀၇ မိုဒယ် Nissan Tiida ကား များဖြစ်ပြီး အင်ဂျင်ပါဝါ ၁၅၀၀ စီစီ၊ ဓာတ်ဆီအင်ဂျင် တပ်ဆင်ထားကာ လက်တင်မောင်းနိုင်သော ရန်ကုန်လိုင်စင် ကုမ္ပဏီအမည်ပေါက် တက္ကစီများ ဖြစ်သည်။ Nissan Tiida အစီး တစ်ရာ ရောင်းချမည် ဖြစ်ရာ AA အက္ခရာ ရန်ကုန်လိုင် စင်ဖြင့် ၃၉ စီးနှင့် BB အက္ခရာ ရန်ကုန်လိုင်စင်ဖြင့် ၆၁ စီး ပါဝင်သည်။

“ရောင်းချပေးမယ့် တက္ကစီတွေက ကုမ္ပဏီပိုင်ယာဉ်တွေဖြစ်တဲ့အတွက် အမည်ပေါက်ပြောင်းလို့မရတဲ့ အခက်အခဲရှိပေမဲ့ နှစ်လဲသက်တမ်းတိုး ဆောင်ရွက်တဲ့အခါမှာ အခက်အခဲမရှိအောင် ကုမ္ပဏီကနေ ကူညီဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်၊ ကားအများစုက အင်ဂျင်အသစ် ပြန်ပြောင်းထားတာ ဖြစ်တဲ့အတွက် လက်တင်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်၊ နောက်ပြီး ဆေး၊ ဘော်ဒီနဲ့ အတွင်းခန်းကိုလည်း လိုတာလေးတွေ ပြန်ပြီးပြင်ဆင် ထားပါတယ်၊ ရောင်နီဦးကုမ္ပဏီက ကားတွေကို မောင်းနှင်နေတဲ့ Taxi Driver တွေအတွက် အငှားယာဉ် မောင်းဘဝကနေ ကိုယ်ပိုင်ကား ပိုင်ဆိုင်နိုင်အောင် အရစ်ကျစနစ်နဲ့ ရောင်းပေးမှာဖြစ်ပေမဲ့ အပြင်အဝယ် တွေကိုတော့ လက်ငင်းပဲ ရောင်းချပေးမှာ ဖြစ်ပါတယ်”ဟု Yaung Ni Oo Service Co.,Ltd မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ရောင်းချပေးမည့် Nissan Tiida တက္ကစီအစီး တစ်ရာတွင် ၂၂ စီး ရောင်းချထားပြီး ရောင်းချရန် ကျန်ကားများအတွက် ဝယ်ယူလိုသူများအနေဖြင့် ဖုန်းနံပါတ် ၀၁-၃၅ ၈၈၅၀၇၊ ၀၉-၉၆၉ ၇၇၃၀၅၄ နှင့် ၀၉-၉၆၉ ၇၇၃၀၅၃ တို့သို့ ဆက်သွယ် မေးမြန်းနိုင်ကြောင်း သိရသည်။

Read 1266 times