ရန်ကုန်လိုင်စင် YVQC စနစ်ကို လက်မှတ်တစ်ဆောင်လျှင် ဈေးနှုန်းသိန်း၉၀ ဖြင့်သတ်မှတ် ခွင့်ပြုပေးရန် တိုင်းဒေသကြီး အစိုးရအဖွဲ့က ကြီး/ကော်သို့ဒုတိယအကြိမ်ထပ်မံတင်ပြထားရာ လာမည့် ၂၀၁၉ နှစ်စတွင်ခွင့်ပြုပေးသွားရန်ရှိကြောင်း နေပြည်တော် မော်တော်ယာဉ်တင်သွင်းခြင်းနှင့်သက်ဆိုင်သောလုပ်ငန်းများကြီးကြပ်ရေးကော်မတီကသိရသည်။
ရန်ကုန်လိုင်စင် Yangon Vehicle Quota Certificate (YVQC )လက်မှတ်စနစ် အင်ဂျင်ပါဝါအလိုက် တန်ဖိုးသတ်မှတ်ရောင်းချသွားရန် အစိုးရအဖွဲ့က သြဂုတ်လက ပထမအကြိမ် အကြိမ်တင်ပြထားခဲ့ရာတွင် မူဝါဒ အချက်အလက်များနှင့် ကိုက်ညီမှုမရှိ၍ ခွင့်မပြုခဲ့ဘဲ ယခု ထိုမူဝါဒအချက်များကို ပြန်လည်ပြင်ဆင်၍ ကြီး/ကော်အား ဒုတိယအကြိမ်ထပ်မံတင်ပြခဲ့ပြီး မကြာခင်ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း သိရသည်။
"ရန်ကုန်လိုင်စင်ကို သိန်း၉၀ ပဲသတ်မှတ်ပြီး ခွင့်ပြုပေးဖို့တင်ပြထားတယ်။ လိုအပ်တဲ့အချက်တွေပြင်ဆင်ပြီး တင်ပြလာတာဆိုတော့ မကြာခင်ပြန်လည်ဆွေးနွေးတာတွေလုပ်ပြီး လာမယ့်နှစ်စလောက်မှာတော့ ခွင့်ပြုပေးမှာပါ။"ဟု မော်တော်ယာဉ်တင်သွင်းခြင်းနှင့်သက်ဆိုင်သောလုပ်ငန်းများကြီးကြပ်ရေးကော်မတီအဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ရန်ကုန်လိုင်စင် Yangon Vehicle Quota Certificate (YVQC ) လက်မှတ်စနစ်အား ရောင်းချပေးရန်အတွက် ယာဉ်တင်သွင်းမှုနှင့်သက်ဆိုင်သော ဝန်ကြီးဌာနများက အသေးစိတ်တွေ့ဆုံဆွေးနွေးကာ တိုင်းဒေသကြီးမှ Online စနစ်မှတစ်ဆင့် ရန်ကုန်လိုင်စင် certificate ဝယ်ယူနိုင်ရန် စီစဉ်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။