သင်္ကြန်ရက်အတွင်း လမ်းပိတ်/လွှဲနှင့် တစ်လမ်မောင်းအဖြစ် သတ်မှတ်ခြင်း
၁။ ၂၀၁၉ ခုနှစ် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်အား ၁၃-၄-၂၀၁၉ ရက်နေ့မှ ၁၆-၄-၂၀၁၉ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။
အဆိုပါ သင်္ကြန်ကာလ အတွင်း အောက်ဖော်ပြပါ နေရာများ ၌ (၀၆:၀၀) မှ ညနေ (၁၈:၀၀) နာရီ အထိ လမ်းပိတ်/လွှဲနှင့် တစ်လမ်မောင်းအဖြစ် သတ်မှတ် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
(က) အင်းလျားလမ်းအား တက္ကသိုလ်ရိပ်သာလမ်းမှ ပြည်လမ်းအထိ လည်းကောင်း ၊
(ခ) မဟာဗန္ဓုလလမ်းအား ပန်းဆိုးတန်းလမ်းဘက်မှ ဆူးလေဘုရားလမ်းဘက်သို့အဝင်တစ်လမ်းမောင်း အဖြစ်လည်းကောင်း၊
(ဂ) ကုန်သည်လမ်းအား ပန်းဆိုးတန်းလမ်းမှ ဆူးလေဘုရားလမ်း အထိ လည်းကောင်း၊
(ဃ) မဟာဗန္ဓုလပန်းခြံလမ်းအား မဟာဗန္ဓုလလမ်းမှ ဘဏ်ရိပ်သာလမ်း အထိ လည်းကောင်း လမ်းပိတ်/လမ်းလွှဲ ကျင်း ပဆောင်ရွက်သွားမည် ဖြစ်ပါသည်။
၂။ သို့ဖြစ်ပါ၍ မော်တော်ယာဉ်မောင်းနှင်သူများ အနေဖြင့် အခြား သင့်တော်သည့် လမ်းများမှ မောင်းနှင်သွားလာကြပါရန် သတိပေးနှိုးဆော်အပ်ပါသည်။
Credit; ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီး