ရန်ကုန်တိုင်းအတွင်း ဥပဒေနှင့်အညီ ဆိုင်ကယ်စီးနင်းခွင့် ရရှိရေးအ တွက် စုပေါင်းလက်မှတ်ရေးထိုးပွဲ ကို မေ ၅ ရက်က တောင်ဒဂုံမြို့ နယ်၊ လှော်ကားလမ်း၊ ၅၆ နှင့် ၇၀ ရပ်ကွက်ကြားရှိ ကွင်းပြင်တွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
တရားဝင်ဆိုင်ကယ်စီးနင်းခွင့် ရရှိရေး လက်မှတ်ရေးထိုးပွဲကို ဆိုင်ကယ်အပျော်စီးအဖွဲ့၊ ဆိုင် ကယ်ချစ်သူများအဖွဲ့၊ ဆိုင်ကယ် ကယ်ရီဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေသည့် လုပ်သားများ စုပေါင်းပြီး အယောက် ခြောက်ရာကျော် လက်မှတ်ရေးထိုးခဲ့သည်။
“ဥပဒေနှင့်အညီ ဆိုင်ကယ် စီးနင်းခွင့်ရရှိရေး လက်မှတ်ရေး ထိုးပွဲ ကျင်းပပြုလုပ်ရတဲ့ ရည်ရွက်ချက်က ရန်ကုန်တိုင်းအတွင်းမှာ တရားဝင် ဆိုင်ကယ်စီးနင်းခွင့်ရရှိ ရေးအတွက် အဓိကထား လုပ်ဆောင်တာ ဖြစ်ပါတယ်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကနေ တရားဝင်လိုင်စင် ချပေးမယ်ဆိုရင် ဆိုင်ကယ်စီးတဲ့ သူတွေအနေနဲ့လည်း စည်းကမ်းတကျလိုက်နာမှာ ဖြစ်ပါတယ်၊ ဆိုင်ကယ်လိုင်စင် ချပေးတဲ့အခါမှာ သတ်မှတ်မြို့နယ်အတွင်းသာ စီးနင်းခွင့်ပေးဖို့ တောင်းဆိုတာ ဖြစ်ပါတယ်၊ ဆိုင်ကယ်စီး နင်းတဲ့အခါ စည်းကမ်းချက်တွေကို တိုင်းဒေသကြီး အစိုးရအဖွဲ့ကနေ ချမှတ်စေလိုပြီး စည်းကမ်းဖောက်ဖျက်ရင် ဒဏ်ငွေဖြစ်ဖြစ်၊ ထောင်ဒဏ်ဖြစ်ဖြစ် အရေးယူဆောင်ရွက်နိုင်ပါတယ်”ဟု လက်မှတ်ရေးထိုးပွဲ ဦးဆောင်သူက ဆိုသည်။
တရားဝင် ဆိုင်ကယ်စီးနင်းခွင့် ရရှိရေး လက်မှတ်ရေးထိုးပွဲကို ရွှေပေါက်ကံ၊ မြောက်ဥက္ကလာပ၊ အင်းစိန်၊ ရွှေပြည်သာ၊ သန်လျင်၊ မင်္ဂလာတောင်ညွန့်၊ ပဲခူး၊ ဒဂုံမြို့သစ် လေးမြို့နယ်မှ ဆိုင်ကယ် စီးနင်းသူများပါဝင်ပြီး တရားဝင်လိုင်စင် ရရှိရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြထားကြောင်း သိရသည်။
ဒေသအလိုက်ထုတ်ပေးသော လိုင်စင်များသည်အခြားသောတိုင်းဒေသကြီးများတွင် နယ်ကျော်အဖြစ်စီးနင်းခွင့်ရှိ၊မရှိနှင့်ပက်သတ်ပြီး ဒုရဲအုပ်ဌေးလွင် (ခ) နေမျိုးသူရ၏ ရေသားဖော်ပြမှုတွင် -
ဒေသအလိုက်ထုတ်ပေးထားသည့်လိုင်စင် ပုံပါကဲ့သို့ KYH နှင့် SHN , KCN စသည့် ယာဉ်လိုင်စင်တွေဟာ ဘယ်နေရာ ဘယ်ဒေသထိ တရားဝင်စီးခွင့်ပြုထားသလဲ။ တချို့က ရိုးရိုးသားသားတွေးမိပါလိမ့်မယ်။ မိမိဆိုင်ကယ်လိုင်စင်လုပ်ပြီးပြီးပဲ ဘယ်သွားသွားရတယ်လို့ပေါ့။ အဲ့ဒီမှာ အုံနာဘုတ်လေးကိုတစ်ချက်ကြည်ကြည့်လိုက်ပါ။ စီးနင်းခွင့်ရှိတဲ့ သေဒကိုဖော်ပြပေးထားတာတွေ့ပါလိမ့်မယ်။
ရှမ်းပြည်နယ်ကထုတ်ပေးထားတဲ့ SHN ဟာ ရှမ်းပြည်နယ်အတွင်း၌သာစီးနင်းခွင့်ပြုထားပါတယ်။ ကချင်ပြည်နယ်ကထုတ်ပေးထားတဲ့ KCN ဟာ ကချင်ပြည်နယ်အတွင်း၌သာစီးနင်းခွင့်ပြုထားပါတယ်။
ထိုနည်းတူစွာ ဒေသအလိုက်ထုတ်ပေးထားတာဆိုလျှင် ထိုဒေသ ပြည်နယ်/တိုင်းမှာပဲ စီးနင်းခွင့်ပြုထားပါတယ်။ သက်ဆိုင်ရာဒေသမှာပဲ သက်တမ်းတိုးရမှာပါ။ ဒါဆိုရင် အခြားနေရာတွေမှာ ပြည်နယ်ကျော် တိုင်းကျော်စီးရင် စစ်ဆေးအရေးယူပါသလားဆိုရင်ဖြင့် အဲ့ဒီလိုအရေးယူတာတော့ မတွေ့ရသေးပါဘူး။