ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်း ဘယ်မိုင်တိုင်တွေမှာသတိထားရမလဲ


မိတ်ဆွေတွေအတွက် သိနေပြီးသား ဖြစ်နိုင်ပေမဲ့ တစ်နှစ်တစ်ခေါက်လောက် ရုံးပိတ်ရက်သွားမဲ့ မသိတဲ့ မိတ်ဆွေတွေအတွက်ပါ။

ဒီမိုင်တိုင် ၃၆၆/၃ မိုင် အတွင်းမှာနေရာတွေ အများကြီးပါ ဒီထဲက မှတ်သားထားတာလေးတွေ ခေါင်းစဉ်တစ်ခုဆီအောက်မှာ ပြောပြပေးပါမယ်။

၁။ အကွေ့

အမြန်လမ်းမှာ အရေးအကြီးဆုံးပါ။ ကိုယ့်အရှိန်ကို မထိန်းနိုင်ပဲ အိပ်မငိုက်ပဲနဲ့ မှောက်တာ အကွေ့တွေမှာပါ။

-၄၆ မိုင်

-၁၀၅ မိုင်( ရွှေလီဦး ၁၇ယောက်သေ)

-၁၇၃ သာဂရအကွေ့

-၁၉၇ (ရာဇာမင်း ၉ယောက်သေ)

-၂၂၂

-၂၂၇ ကွေ့ဆင်း

-၂၄၂ အကွေ့အကြမ်းဆုံး သတိပြုရမဲ့အကွေ့

မန်းလေးဘက်သွားတဲ့ဘက်မှာတော့ ၃၅၆ နဲ့ ၃၅၉ အကွေ့အရမ်းကြမ်းပါတယ်။


၂။ ဂငယ်ကွေ့

အမြန်မောင်းနေတဲ့ လမ်းမှာ ရှေ့ကားဂငယ်ကွေ့ရင် အရမ်းသတိထားရပါတယ်။

-၁၅မိုင်ဘရားကြီးအနီး ဘုရားဖူးကားတွေ ရန်ကုန်ပြန်ဖို့ ဂငယ်ပြန်ကွေ့ကြပါတယ်။

-၁၁၃ ကြက်ကာလသားချက်ဆိုင်

-၁၄၇ တောင်ငူအနီး


၃။ကျွဲဖြတ် နွားဖြတ်

၁၁၀ နဲ့ ၁၄၇ ကြားမှာ ကျွဲအုပ်၊ နွားအုပ်တွေ ဖြတ်သန်းသွားလာပါတယ်။ သတိထားပါ ။တိုက်မိရင် ပိုင်ရှင်စုံစမ်းမရပါ။

၄။ဆိုင်ကယ်အဖြတ်အများဆုံး

ဟိုဘက်ဒီဘက် ကျေးရွာရှိတဲ့ နေရာတွေမှာ အဓိက ဖြတ်သန်းပါတယ်။

၁၃ နဲ့ ၂ဝကြား

၁၄၇ နဲ့ ၁၅၃ ကြား (တောင်ငူ-ကေတုမနီ)

၂၅၆ နဲ့ ၂၆၂ ကြား( ပျော်ဘွယ်လမ်းခွဲ)


၅။ကီလိုမီတာဖမ်း (ရဲစခန်းနဲ့ အနီးဆုံးနေရာများ)

၈၃မိုင်

၁၄၇မိုင်

၂၂၇ ကုန်းဆင်း

၃၂၅ မိုင်

လမ်းဘေးမှာ Light truck ကားလေးရပ်ထားရင်သတိထားပါ။သတိထားကြည့်ရင် နောက်ဖုံးမှာ Highway Police စာတန်းလေးပါပါတယ်။

(ဒီစာပိုဒ်က စည်းကမ်းမဲ့မို့အတွက်မဟုတ်ပေမဲ့ တခါတလေ အရေးကြီးလို့ အမြန်မောင်းမိရင်ဒီနေရာတွေကို သတိမထားလို့ ရဲဖမ်းခံရရင် ပိုကြာတတ်လို့ပါ)


၆။ နယ်မြေကြမ်း

မြေနေရာ မသန့်ဘူးပဲ ပြောရမလား။ အတိုက်အခိုက်အများဆုံးနဲ့ ယာဉ်မောင်း အိပ်အငိုက်ဆုံးနေရာတွေပါ။

၁၃ နဲ့ ၁၅မိုင်ကြား

မိုင် ၂၀ ပတ်လည်

၈၄ နဲ့ ၁၀၀ ကြား

၂၈၅ နဲ့ ၃၃၀ ကြား

၇။ ညသရဲခြောက်

၈၄ နဲ့ ၁၀ဝ

၂၈၅ နဲ့ ၃၃ဝ ကြား

၁၁၅ နဲ့ ၉၀ ကြား

၈။လုယက်မှု့

မိုင်၂၀ပတ်လည်

မိုင် ၉၀ပတ်လည်

၁၅၈ နဲ့ ၂၀ဝ

၉။ရဲစခန်း

အကျဉ်းဖျင်း ၈မိုင်ခြားတစ်ခုအမြန်လမ်းရဲကတော့ တစ်ကယ်ချီးကျုးဖို့ကောင်းပါတယ်။ နေပူကျဲထဲမှာ ညနက်သန်းခေါင်မှာ ကားဘီးပေါက်တာကားပျက်တာကအစ ကူညီပေးပါတယ်။

၁၀။ ယာဉ်ကြံခိုင်ရေး

ခရီးဝေးသွားမယ်ဆို တာယာ မနှမျောပါနဲ့။ အင်ဂျင်ဝိုင် ၊ ရေတိုင်ဂီရေ ၊ ကားကြံခိုင်ရေး သေချာပြင်ဆင်သင့်ပါတယ်။

၁၁။ တံတားဦး လေဆိပ်အဝိုင်း

မန္တလေး တိုးဂိတ်အကျော် အရှိန်အရမ်းတင်ပြီး ညပိုင်းဆို သတိထားပါ။ ရှေ့အလယ်တည့်တည့်မှာ မီးမရှိတဲ့အဝိုင်းကြီး စောင့်ကြိုနေပါတယ်။

၁၂။ မိုးရွာရင်

ရေဝပ်တဲ့နေရာတွေ သတိထားပါ။ အချက်ပြမီး ရှေ့မီးကြီး ဖွင့်ထားပါ။ ကီလိုမီတာ ၆၀ ထက် ပိုမောင်းလို့ မကောင်းပါ။ ကားကြံခိုင်ရေး စစ်ဆေးချိန်မရရင် ညပိုင်းသွားခြင်း ရှောင်ကြည်ပါ။ အမြန်လမ်း အသုံးပြုတဲ့ မိတ်ဆွေတွေ ဘေးကင်းနိုင်ကြပါစေ။

Credit; Original Writer

Read 2176 times