ကားအသစ်အရောင်းပြခန်းများတွင်ရောင်းချနေသည့်ကားများကိုစလစ်ကပ်ပြီးဝယ်ယူပါက ရန်ကုန်လိုင်စင်ထုတ်ပေးနေကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။
ကားစလစ်အမျိုးအစားများအနက်အစားထိုးအိမ်စီးစလစ်ဖြင့်အရောင်းပြခန်းတွင်ကားဝယ်ယူပါကယာဉ်မှတ်ပုံ တင်ဝင်သည့်အခါတွင်ရန်ကုန်လိုင်စင်ထုတ်ပေးနေခြင်းကိုဧပြီလကုန်မှစတင်ခြင်းဖြစ်ကြောင်း စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးမှပြောကြားသည်။
ရန်ကုန်လိုင်စင်ထုတ်ပေးသည့်အခါကားတိုးသွားခြင်းမျိုးမဟုတ်ပဲရှိပြီးသားကားဟောင်းနေရာတွင်အသစ်ဝင်လာ ခြင်းသာဖြစ်သောကြောင့် ရန်ကုန်လိုင်စင်ထုတ်ပေးခြင်းဖြစ်ကြောင်းသိရသည်။
ရန်ကုန်တွင်မော်တော်ယာဉ်မှတ်ပုံတင်ပြုလုပ်ရာ၌နယ်လိုင်စင်မှလွဲပြီးရန်ကုန်လိုင်စင်ထုတ်ပေးခြင်းကိုရပ်ဆိုင်းထားသည်မှာ ၂ နှစ်ကျော်နေပြီဖြစ်သည်။
ယခုရန်ကုန်လိုင်စင်အဖြစ်ထုတ်ပေးသည့်ကားများမှာ Brand New ကားအသစ်များဖြစ်ပြီး ဈေးနှုန်းကြီးမြင့်သည့် ကားများဖြစ်၍ သိသာစွာရိုက်ခတ်ခြင်းမရှိနိုင်ကြောင်းလည်းသိရသည်။
ရန်ကုန်လိုင်စင်ထုတ်ပေးသောကြောင့်အဆင်ပြေသော်လည်းဝယ်ယူသူများဘက်မှရန်ကုန်လိုင်စင်ဖြင့် ယာဉ်ဝယ်ယူလိုပါကစလစ်ကိုထပ်မံဝယ်ယူရမည်ဖြစ်သောကြောင့် ကုန်ကျစရိတ်ပိုလာနိုင်ကြောင်းသိရသည်။