YGN လိုင်စင်ရရန်အတွက် Brand New ကားများ စလစ်ကပ်ခြင်းအပေါ် ပြည်ပရင်းနှီးမြှုပ်နှံသူများက ဝေဖန်မှုများ


ရန်ကုန်လိုင်စင်ရရှိရန် Brand New ကားသစ်များကို Used Car များအတိုင်း စလစ်ကပ်ပြီး ဝယ်ယူနေရသည့်အပေါ် ပြည်ပရင်းနှီးမြှုပ်နှံသူများက ဝေဖန်မှုများ ရှိလာကြောင်း သိရပါသည်။

Brand New ကားများကို အခွန်စည်းကြပ်ရာတွင်လည်း မူရင်းတန်ဖိုးအပေါ် အခြေခံပြီး အခွန်စည်းကြပ်နေရသဖြင့် ပြည်ပမှ တင်သွင်းသော တစ်ပတ်ရစ်ကားအဟောင်းများထက် ပေးဆောင်ရသည့် အခွန်ပိုများနေကြောင်းလည်း သိရပါသည်။

ထိုသို့ လွှဲမှားသည့် ကားမူဝါဒများကြောင့် Brand New ကားများကို ကိုယ်စားလှယ်ယူပြီး တရားဝင်အရောင်းပြခန်း ဖွင့်လှစ်ရောင်းချနေသည့် ပြည်တွင်းလုပ်ငန်းရှင်များနှင့် ကားထုတ်လုပ်သူများကြားတွင် ထင်လွဲမှားမှုများရှိနေကြောင်း သိရပါသည်။

ရန်ကုန်မြို့တွင် တရားဝင်အရောင်းပြခန်း ဖွင့်လှစ်ခွင့်ပေးထားသကဲ့သို့ ရောင်းချခွင့်လည်း ပေးထားသော်လည်း Brand New ကားများကို ရန်ကုန်လိုင်စင်ရရန်အတွက် ကားဟောင်းများအတိုင်း အဘယ်ကြောင့် စလစ်ကပ်ရသည်ကို ပြည်ပလုပ်ငန်းရှင်များက မေးခွန်းထုတ်လာပါသည်။

မြန်မာနိုင်ငံမှလွဲ၍ မည်သည့်နိုင်ငံတွင်မှ မရှိသော ကားမူဝါဒများကြောင့် ပြည်တွင်းလုပ်ငန်းရှင်နှင့် ပြည်ပလုပ်ငန်းရှင်များကြားတွင် အထင်လွဲမှားမှုများ ရှိလာပါသည်။

နိုင်ငံ၏ မူဝါဒကြောင့် ရှေ့ဆက်ပြီး လက်တွဲလုပ်ချင်သည့် လုပ်ငန်းများအတွက် ချပြသည့်အခါတွင် ပြည်ပရင်းနှီးမြှုပ်နှံသူများဘက်မှ ရင်းနှီးရန် စိတ်အားထက်သန်မှု လျော့နည်းသွားကြောင်း Prestige Automobile ကုမ္ပဏီ အုပ်ချုပ်မှု ဒါရိုက်တာမှ ပြောကြားခဲ့ပါသည်။

ထို့အပြင် Brand New ကားများကို အခွန်အဆင့်ဆင့် စည်းကြပ်ရာတွင်လည်း One-stop Services မရှိ၍ ဝယ်ယူသူထံ ကားအပ်နှံမည့် အချိန်လည်း နှောင့်နှေးမှုများ ဖြစ်ပေါ်နေကြောင်း သိရပါသည်။

 

Read 6362 times