ရန်ကုန်လိုင်စင်ဖြင့် ကားဝယ်ယူအသုံးပြုခွင့်ပေးရန်အတွက် အင်ဂျင်ပါဝါခွဲခြားပြီး နှုန်းထားများ သတ်မှတ်


ရန်ကုန်လိုင်စင်ဖြင့် ကားဝယ်ယူအ သုံးပြုခွင့်ပေးရန်အတွက် ကြီး/ ကော် အစည်းအဝေးပြုလုပ်မည် ဖြစ်ပြီး မူကြမ်းတွင် ရေးဆွဲခဲ့သည့် အတိုင်း အင်ဂျင်ပါဝါခွဲခြား၍ နှုန်း ထားများ သတ်မှတ်ရန်ရှိကြောင်း ကားအသစ် တင်သွင်းရောင်းချသူ များထံမှ သိရသည်။

YVQC စနစ် အပြီးသတ် ထုတ်ပြန်ရန်အတွက် ယခုတစ်ပတ် အတွင်း မော်တော်ယာဉ်တင်သွင်း ခြင်းနှင့်သက်ဆိုင်သည့် ကော်မတီ မှ ဦးဆောင်ကာ အစည်းအဝေး ကျင်းပမည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေ သကြီးအစိုးရအဖွဲ့ ရေးဆွဲခဲ့သည့် မူကြမ်းအတိုင်း ပြည်ပမှ တင်သွင်း သည့် လူစီးယာဉ်၊ လုပ်ငန်းသုံး ယာဉ်နှင့် ပြည်တွင်း၌ တပ်ဆင် ထုတ်လုပ်သည့် CKD ၊ SKD ယာဉ်များကို အင်ဂျင်ပါဝါအလိုက် အုပ်စုများခွဲကာ နှုန်းထားများ ခွဲ ခြားသတ်မှတ်မည် ဖြစ်ကြောင်း၊ သိရသည်။

“ဒီတစ်ပတ်ထဲမှာ YVQC နဲ့ ပတ်သက်ပြီး ကြီး/ကော်အစည်းအ ဝေး ပြုလုပ်မှာ ဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ် ရေးဝန်ကြီး ဒေါ်နီလာကျော်လည်း တက်ရောက်မှာ ဖြစ်ပါတယ်။ သိရသလောက်တော့ တစ်ပြေးညီနှုန်း ထားနဲ့ ကောက်ခံမှာ မဟုတ်တော့ ဘဲ မူကြမ်းတုန်းက ရေးဆွဲခဲ့တဲ့အ တိုင်း အင်ဂျင်ပါဝါနဲ့ ခွဲခြားကောက် ခံမယ်လို့ သိရပါတယ်”ဟု AAM ဒုဥက္ကဋ္ဌ ဦးအေးထွန်းက ဆိုသည်။

ယခုနှစ်အစပိုင်းက ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ YvQC အတွက် မူကြမ်းရေးဆွဲခဲ့ရာ တွင်

၁၆ဝဝ စီစီနှင့်အောက် လူစီးယာဉ်များကို ကျပ်သိန်းသုံးဆယ် ၊ 

၁၆၀၁ စီစီမှ ၃ဝဝဝ စီစီအထိ လူ စီးယာဉ်များကို ကျပ်သိန်းခြောက် ဆယ်၊ 

၃၀၀၀ စီစီအထက် ကား များကို ကျပ်သိန်းကိုးဆယ်၊ 

Pickup ၊ Extra Cab များနှင့် 2500Kg အောက် လုပ်ငန်းသုံးယာဉ်/ကုန် တင်ယာဉ်များကို ကျပ် ၁၀ သိန်း၊ 

2501 Kg မှ 5000 Kg အထိ ကုန်တင်ယာဉ်များကို ကျပ် ၁၅ သိန်း၊

ခရီးသည်တင်ယာဉ် Mini Bus များ(၁၅ယောက်စီး)အောက် ကို ကျပ်သိန်းသုံးဆယ်၊

ခရီးသည် တင်ယာဉ် Mini Bus များ (၂၆ ယောက်မှ ၂၅ ယောက်အထိ)ကို ကျပ် ၁၅ သိန်း၊

ခရီးသည်တင်ယာဉ် များ(City Bus ၊ Express) ကို ကျပ်တစ်သိန်း၊

5001 Kg အထက်ကုန်တင်ယာဉ်များနှင့် ယန္တရားများ ကို ကျပ်တစ်သိန်း ကောက်ခံမည် ဖြစ်သည်။

မီးသတ်ယာဉ် လူနာ တင်ယာဉ် သာသနာရေးဆိုင်ရာ ယာဉ်များနှင့် လျှပ်စစ်ကားများကို မူ အခွန်ကင်းလွတ်ခွင့်ပြုထားသည်။ ပြည်တွင်းထုတ်ယာဉ်များကို နှုန်း ထားသတ်မှတ်ရာတွင် အထက်ပါ အင်ဂျင်ပါဝါအပေါ် မူတည်ပြီး ပြည်တွင်းစက်မှုထုတ် ကားများကို ၁ဝ ရာခိုင်နှုန်း ၊ SKD စနစ်ဖြင့်တင် သွင်းပြီး ပြည်တွင်း၌ထုတ်လုပ်သည့် မော်တော်ယာဉ်များကို ၁၀ ရာခိုင် နှုန်း ၊ CKD စနစ်ဖြင့် တင်သွင်းပြီး ပြည်တွင်း၌ ထုတ်လုပ်သည့် မော် တော်ယာဉ်များကို ၃ ရာခိုင်နှုန်း ကောက်ခံမည်ဖြစ်ပြီး MIC ခွင့်ပြု ချက်ဖြင့် တင်သွင်းမည့်မော်တော် ယာဉ်များနှင့် ကျောင်းကြို/ပို့ယာဉ် များကိုမူ အခွန်ကင်းလွတ်ခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။

Read 4951 times