ရန်ကုန်လိုင်စင်ချမပေးသဖြင့် ကားအရောင်းပြခန်းများ အခက်တွေ့နေ


ရန်ကုန်မြို့မှာ ကားအရောင်းပြခန်းကြီးတွေ ဖွင့်လှစ်ရောင်းချခွင့်ပေးခဲ့ပေမယ့် ရန်ကုန်လိုင်စင် မပေးတာကြောင့် အခက်အ ခဲဖြစ်နေတယ်လို့ မြန်မာနိုင်ငံ အော်တိုမိုးတစ် အသင်းဥက္ကဋ္ဌ ဦးအောင်ဝင်းက ပြောပါတယ်။

မြန်မာပြည်မှာ နိုင်ငံခြားကုမ္ပဏီတွေနဲ့ ဖက်စပ်ကုမ္ပဏီကြီးတွေဟာ ကားရောင်းဖို့ အတွက် အရောင်းပြခန်း အကြီးကြီးတွေ လာဖွင့်ပေမယ့် အစိုးရက မှတ်ပုံတင်လုပ်ပေးတဲ့အခါ ခက်ခက်ခဲခဲ ချပေးနေတာကြောင့် အချိန်တစ်နှစ်လောက်အထိ ကြန့်ကြာမှုရှိနေတယ်လို့သိရပါတယ်။

“ဒီလုပ်ငန်းစဉ်တွေအများကြီးပဲ။ ဒီဟာဖွင့်ဖို့အတွက် ၆ လနဲ့ တနှစ်ကြားမှာကြာတယ်။ ဒီလိုပဲ ဒီဟာတွေကို ဖွင့်ခွင့်ပေး ထားပြီးတော့ အခုရန်ကုန်မှတ်ပုံတင်မပေးတော့ လာတော့ရင်းနှီးလုပ်၊ ဒီမှာတော့ မရောင်းနဲ့လိုဖြစ်နေတယ်။ အဲဒီတော့ လုပ်ရကိုင်ရတာခက်နေတယ်”လို့ နိုင်ငံတကာ ကား ကုမ္ပဏီတွေ လာရောက်လုပ်ကိုင်ရတာ အဆင်မပြေတဲ့အပေါ် ဦးအောင်ဝင်းက ပြောပါတယ်။

ပထမအကြိမ် ရန်ကုန်အပြည်ပြည်ဆိုင်ရာ မော်တော်ယာဉ်ပြပွဲ ၂၀၁၉ နဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲကို မနေ့က ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်မှာ ပြုလုပ်ရာမှာ အခုလို ပြောဆိုခဲ့တာပါ။

မြန်မာနိုင်ငံဟာ ကမ္ဘာမှာ စီးပွားရေးလုပ်ရကိုင်ရ အခက်ခဲဆုံးနိုင်ငံစာရင်းမှာ အဆင့် ၁၇၀ ကျော်မှာပါဝင်နေတဲ့အတွက် အဆင့် ၁၀၀ လောက်ကျဆင်းအောင်လုပ်ကိုင်ဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ညွှန်ကြားထား ရတဲ့အ ထိဖြစ်နေ တယ်လို့လည်း ဦးအောင်ဝင်းက ပြောပါတယ်။

Read 370 times