Yangon International Motor Show


လာမယ့် ဇန်နဝါရီလ ၂၃-၂၇ ရက်နေ့ ၊ ၅ရက်တိုင်တိုင် ကျင်းပမဲ့ ပထမအကြိမ် ရန်ကုန် အပြည်ပြည်ဆိုင်ရာ မော်တော်ယာဉ် (Yangon International Motor Show) ပြပွဲကြီးကို ရန်ကုန် ကွန်ဗင်းရှင်းစင်တာ (YCC) မှာ ကျင်းပပြုလုပ်မယ့် ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ပထမအကြိမ် ရန်ကုန် အပြည်ပြည်ဆိုင်ရာ မော်တော်ယာဉ် ပြပွဲ (၂၀၁၉) တွင်လည်း BMW, Volvo, Toyota, Nissan စသည့် ထိပ်တန်း ကားကုမ္ပဏီပေါင်း များစွာက ပါဝင်ပြသမည်ဖြစ်ပြီး ကားချစ်သူများ အနေနဲ့ ကမ္ဘာကျော် ကားမျိုးစုံကို တစ်နေရာတည်း၌ လေ့လာကြည့်ရှုနိုင်မည် ဖြစ်သလို ကိုယ်တိုင် စမ်းသပ်မောင်းနှင်မှုများလည်း ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

  (Yangon International Motor Show) ပြပွဲကြီးတွင် အရှေ့တောင်အာရှရဲ့ အကြီးဆုံးသော မော်တော်ယာဉ် ပြပွဲကြီးဖြစ်တဲ့ Bangkok International Motor Show (BIMS) အပါအဝင် မော်တော်ယာဉ်ပြပွဲပေါင်း များစွာကို စီစဉ်ကျင်းပနေတဲ့ Thai နိုင်ငံအခြေစိုက် GPI Co., Ltd နှင့် မြန်မာနိုင်ငံ အော်တိုမိုးတစ်(ဖ) အသင်း (AAM) (formerly known as AADA အသင်း) တို့က ရန်ကုန် ကွန်ဗင်းရှင်းစင်တာ (YCC) တွင်ပြသနိုင်ရန် ပူးပေါင်းဆောင်ရွက် စီစဉ်ခြင်းဖြစ်ပါတယ်။

Bangkok International Motor Show ဟာ သက်တမ်းအားဖြင့် နှစ်ပေါင်း (၄၀) ရှိခဲ့ပြီ ဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း ကမ္ဘာ့ထိပ်တန်း ကားကုမ္ပဏီပေါင်းများစွာက ကြီးကျယ်ခမ်းနားစွာဖြင့်ပါဝင်ပြသလျက် ရှိတဲ့ ကမ္ဘာ့အဆင့် မော်တော်ယာဉ် ပြပွဲကြီး တစ်ခုပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ၏ ပို့ဆောင်ရေးကဏ္ဍတွင် အဓိကကျသည့် မော်တော်ယာဉ်ဈေးကွက်သည် နေ့စဉ်နှင့်အမျှ တိုးတက်ပြောင်းလဲ လျက်ရှိနေပြီး ပြည်သူအများ၏ Life style မော်တော်ယဉ်လိုအပ်မှု၊ မော်တော်ယဉ်ဝယ်ယူအသုံးပြုမှုနှင့် ဝယ်လိုနိုင်စွမ်းအား တို့သည်လည်း အိမ်နီးချင်း နိုင်ငံများကဲ့သို့ မြင့်မားလာနေခြင်းကြောင့် ဤကဲ့သို့ နိုင်ငံတကာအဆင့် ပြပွဲတစ်ခုကို ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်ခြင်းဖြစ်ပါတယ်။

ကျနော်တို့ Myanmar Automobile Equipment Directory မှလည်း ပါဝင်သွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Address : (Yangon Convention Centre) ၊ 37 Kabar Aye Pagoda Road, Within same compound of Inya Lake Hotel, Yangon

Read 453 times