GPI Myanmar နှင့် AAM တို့ပူးပေါင်းကာ Yangon International Motor Show 2019 ကျင်းပမည်


GPI Myanmar နှင့် AAM တို့ အကျိုးတူ ပူးပေါင်းကာ Yangon International Motor Show 2019 ကျင်းပမည်ဖြစ်ကြောင်း သိရပါတယ်။

GPI Myanmar Company Limited သည် အာဆီယံဒေသ အတွင်း မော်တော်ယာဉ်ဆိုင်ရာပြ ပွဲများစွာကို စီစဉ်ကျင်းပနေသည့် Grand Prix International Public Company Limited ၏ ကုမ္ပဏီခွဲ တစ်ခု ဖြစ်သည်။ GP Myanmar သည် Automotive Association of Myanmarနှင့် ပူးပေါင်းကာ ပထမဆုံးအကြိမ် နိုင်ငံတကာအဆင့် မော်တော်ယာဉ်ပြပွဲကို ရန်ကုန်မြို့ရှိ YCC ခန်းမတွင် လာမည့်နှစ် ဇန်နဝါရီ ၂၃ ရက်မှ ၂၅ ရက်အထိငါးရက်ကြာ ကျင်းပသွားမှာ ဖြစ်ပါတယ်။


"Motor Show တွင်ကျင်းပပြုလုပ်မယ့် တိုင်းပြည်တစ်ခုက စီးပွားရေးနဲ့ Car Industry ဖွံ့ဖြိုး တိုးတက်ဖို့လိုပါတယ်၊ ပြည်သူတွေ က စိတ်ဝင်စားမှုရှိပြီး ဝယ်လိုအား ကောင်းမွန်မှသာ နိုင်ငံတကာအဆင့် မော်တော်ယာဉ်ပြပွဲတွေကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

Automotive Association of Myanmar အနေနဲ့ ပြည်သူတွေအတွက်တင်မက အသင်းဝင်ကုမ္ပဏီတွေ အတွက်ပါ ထူးခြားတဲ့ အကျိုးကျေးဇူးတွေ ရရှိ ဖို့အတွက် အရှေ့တောင်အာရှမှာ နာမည်အကျော်ဆုံး မော်တော်ယာဉ်ပြပွဲတွေကို ဦးစီးပြုလုပ်နေတဲ့ Grand Prix International Public Company Limited နဲ့ပူးပေါင်း ဆောင်ရွက်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါ တယ်””ဟု AAM အသင်း၏ နာယက ဦးအောင်ဝင်းကဆိုပါတယ်။

ရန်ကုန် အပြည်ပြည်ဆိုင်ရာ မော်တော်ယာဉ်ပြပွဲကို ဝင်ကြေးအ ဖြစ် တစ်ဦးလျှင် အမေရိကန် တစ် ဒေါ်လာ သတ်မှတ်ထားပြီး Toyota ၊ Ford ၊ BMW ၊ Volvo ၊ Nissan ၊ Suzuki ၊ GAC ၊ DFM ၊ Scania စသည့် တံဆိပ်များနှင့် အတူ တခြားအမှတ်တံဆိပ်များ လည်း ပါဝင်ပြသမည် ဖြစ်ပါတယ်။ ပြပွဲတွင် Entertainment အစီအစဉ်များ ထည့်သွင်းထားပြီး Test Drive အစီအစဉ်များနှင့် အခြား ထူးခြားသည့် အစီအစဉ်များလည်း ပါဝင်သွားမှာလည်း ဖြစ်ပါတယ်။

Read 507 times