ဖြတ်ပေးလိုက်သောချလံပျောက်ဆုံးသွားလျှင် ချလန်မရှိတော့သောအခါဘယ်လိုပြန်ရွေးမလဲ


တချို့ဆို ချလန်ဖြတ်ခံထားရတာ နှစ်နဲ့ချီနေပြီ ချလန်ကလဲ ဘယ်နားသိမ်းထားလို့သိမ်းထားမှန်းမသိတော့ ၊ ခုမှသတိရလို့ရှာကြည့်တော့မတွေ့တော့ဘူး။

တချို့ကတော့ ရေစိုပြီးစုတ်ပြဲသွားတာ အကျီ ၤထဲမှာရေစိုပြီးလုံးထွေးနေတော့တာ ဘာစာမှကောင်းကောင်းကြည့်မရတော့ဘူး။ တချို့က ကျပျောက်သွားတာ ၊ တချို့က ချလန်တော့ရှိတယ် မဲညစ်နေလို့ချလန်မှာရေးထားတာတွေဘာမှမမြင်ရတော့ဘူး စသည်ဖြင့် စသည်ဖြင့်ပေါ့။ အကြောင်းအမျိုးမျိုးကြောင့်ချလန်မရှိတော့တဲ့အခါ ပျောက်ဆုံးသွားတဲ့အခါ စာတွေမမြင်ရတော့တဲ့အခါ ဘယ်လိုပြန်ရွေးကြမလဲ ဘယ်လိုပြန်ပြောပြရမလဲပေါ့။ အဲ့ဒီလိုအခြေအနေမျိုးကြုံခဲ့ရင် ဘာမှစိတ်မညစ်ပါနဲ့ လွယ်လွယ်လေးပါ။

အခုကျွန်တော်မေးတာလေးတွေဖြေနိုင်ရင်ရပါပြီ။ အဲ့ဒီအချိန်တုံးက ချလန်ဖြတ်ခံရတဲ့ကားနံပါတ်မှတ်မိလား။ အဲ့ဒီအချိန်တုံးက ချလန်ဖြတ်ခံရတဲ့ ဆိုင်ကယ်နံပါတ်မှတ်မိလား။ ဥပမာ 9D/1234 ကားလေးစီတုံးက လိုင်စင်မပါလို့ဆိုပီးချလန်ဖြတ်သွားတာ။ အဲ့ဒါမျိုး ကားနံပါတ်မှတ်မိရင်ရပြီ။အဲ့ဒီအချိန်တုံးက ၆၀ယ/၁၂၃၄ ဆိုင်ကယ်လေးစီးတုံးက ဦးထုပ်မဆောင်းလို့ဆိုပြီး ဝှီးတက်သိမ်းသွားတာဆိုပါစို့။ ဒါဆို ၆၀ယ/၁၂၃၄မှတ်မိရင်ရပြီ။

အဲ့ဒီလို ချလန်မရှိတော့ပေမဲ့ ကားနံပါတ် ဆိုင်ကယ်နံပါတ်မှတ်မိရင် ပြန်ရွေးလို့ရပါပြီ။ကားနံပါတ်လဲ မမှတ်မိတော့ဘူး ဆိုင်ကယ်နံပါတ်လဲမမှတ်မိတော့ဘူးဗျာဆိုခဲ့ရင်ဖြင့် ဟုတ်ပြီ ဘယ်လလောက်ကဖမ်းခံရလဲ လလဲမမှတ်မိဘူးဆရာဆိုပြန်ရင်လည်း ဘယ်နှစ်လောက်ကလဲ 2016 လား 2017 လားပေါ့ လ ဒါမှမဟုတ် နှစ်ကိုမှတ်မိပြီဆိုရင် ချလန်ဖြတ်ခံရတဲ့သူက ဘယ်သူလဲ သင်လား မောင်ဖြူလား မောင်မဲလား နာမည်တော့ပြောပေါ့။ နာမည်နဲ့အနီးဆုံး လ/နှစ်ကိုသိရပြီးဆိုရင် ရပြီ ရှာလို့ရပြီ ရှာတဲ့သူကတော့ နဲနဲခေါင်းရှုပ်တာတော့ရှိမှာပေါ့။ကွန်ပျူတာထဲမှာနာမည်တူတွေများနေမှာမို့လို့လေ။

ကဲ ဖြတ်ပေးလိုက်သောချလံပျောက်ဆုံးသွားလို့ ချလန်မရှိတော့တဲ့အခါဘယ်လိုပြန်ရွေးမလဲဆိုပြီ စိတ်မညစ်တော့နဲ့ဗျ ဒီလိုလေးဆို OK ပါတယ်နော်။

Credit;ဒုရဲအုပ်ဌေးလွင်(ခ)နေမျိုးသူရ

Read 642 times