မော်တော်ယာဉ်တင်သွင်းခြင်းလုပ်ငန်းကို ဆက်လက်လုပ်ကိုင်လိုခြင်း မရှိသည့်အတွက် လုပ်ငန်းလုပ်ကိုင်ခွင့် သက်တမ်းမတိုးသည့် ကားအရောင်းစင်တာများမှ ကားများကို မော်တော်ယာဉ်မှတ်ပုံတင်လုပ်ငန်း (နံပါတ်ထုတ်ပေးခြင်း) ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနထံမှ သိရပါတယ်။
သက်တမ်းတိုးထားခြင်းမရှိသည့် ကားအရောင်းစင်တာနှင့် ကားအရောင်းပြခန်းများမှ ကားများကို မော်တော်ယာဉ်မှတ်ပုံတင်လုပ်ငန်းဆောင်ရွက်ပေးမည်မဟုတ်သော်လည်း လုပ်ငန်းရပ်ဆိုင်းခြင်းကဲ့သို့ အချက်အလက်များ တိတိကျကျပြနိုင်ပါက မှတ်ပုံတင်ခြင်းလုပ်ငန်းများဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အဆိုပါဦးစီးဌာန၏ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။
"လုပ်ငန်းရပ်မှာမိုလို့ ထပ်ပြီးသက်တမ်းမတိုးချင်တော့ဘူးဆိုတဲ့ အကြောင်းအရာမျိုးတွေနဲ့ တခြားထူးခြားဖြစ်စဉ်လိုမျိုးကိစ္စမျိုးတွေအတွက် ကုန်သွယ်ရေးဘက်ကိုတင်ပြီး မှန်ကန်တယ်ဆိုရင် ကျွန်မတို့ဘက်က လုပ်ပေးမှာပါ"ဟု ၎င်းကပြောဆိုခဲ့ပါတယ်။
မော်တော်ယာဉ်တင်သွင်းရောင်းချခွင့်လက်မှတ်ကို သက်တမ်းတိုးထားခြင်းမရှိသည့်ကားအရောင်းစင်တာနှင့်အရောင်းပြခန်းများမှ ကားများကို မော်တော်ယာဉ်မှတ်ပုံတင်လုပ်ငန်း(နံပါတ်ထုတ်ပေးခြင်း)ဆောင်ရွက်ပေးမည်မဟုတ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ဇန်နဝါရီလအတွင်းက ထုတ်ပြန်ကြေညာထားတာ ဖြစ်ပါတယ်။
လက်ရှိအချိန်တွင် အရောင်းစင်တာအချို့မှာ သက်တမ်းတိုးရန်အတွက် ဝန်ကြီးဌာနက သတ်မှတ်ထားသော သတ်မှတ်ချက်များ မပြည့်စုံခြင်း၊ ကားဈေးကွက်အရောင်းအဝယ်အေးနေခြင်း၊ ပေးသွင်းရမည့်အခွန်ပမာဏများကို ပေးသွင်းရန်အခက်အခဲ ရှိနေကြောင်း၊ တချို့အရောင်းစင်တာအသေးတွေဆိုရင် လုပ်ငန်းကလည်းမကောင်းတော့ဘူးဆိုတော့ ရပ်ကြတော့မယ်လို့ ကြားတယ် " ဟု ကားအရောင်းစင်တာလုပ်ငန်းရှင်တစ်ဦးက ပြောကြားပါတယ်။
Source;The Voice