ပွင့်လင်းရာသီ ကျောင်းပိတ်ချိန်သို့ ရောက်ရှိလာပြီဖြစ်သော်လည်း ဂျပန်နိုင်ငံမှ တင်သွင်းထားသည့် အသုံးပြုပြီး(Used Car) များ၏ အရောင်းအဝယ်မှာ ဆက်လက်အေးစက်နေကြောင်း ကားဈေးကွက်အတွင်းမှ သိရပါသည်။
သို့သော် ဂျပန်ကားကို ပြည်တွင်း၌ တပ်ဆင်အသုံးပြုပြီးကား (တစ်ပတ်ရစ်) အရောင်းအဝယ်မှာမူ အနည်းငယ် ပြန်လည်ဖြစ်ပေါ်နေပြီး အရောင်းစင်တာများရှိ နံပါတ်ထွက်ပြီး ကားအချို့မှာလည်း ပုံမှန်အရောင်းအဝယ်ဖြစ်ကြောင်း ကားလုပ်ငန်းရှင်များထံမှ သိရသည်။
"ကားအရောင်းအဝယ်ကတော့ ဝိုင်း(ကားအရောင်းအဝယ်ရေးစခန်း) ထဲမှာကို ခြောက်ကပ်နေတာပဲ။ ဈေးကတော့ ထပ်ပေးမသွင်းတော့ ရောင်းတဲ့သူကလည်း တင်းခံနေတဲ့အတွက် အတက်ဈေးမှာပဲ ရှိနေတယ်" ဟုလှိုင်ယာဉ်ရောင်းဝယ်ရေးစခန်းမှ ကားဝယ်ရောင်း တစ်ဦးက ပြောဆိုသည်။
ကားအရောင်းအဝယ်သည် နှစ်စဉ် ယခုကာလများတွင် ခရီးသွားလာသူများပြားသည့်အတွက် အရောင်းအဝယ် ကောင်းမွန်လေ့ရှိသော်လည်း ယခုနှစ်တွင်မူ ဂျပန်ကားဈေးမြင့်နေခြင်းအပြင် ပြည်တွင်းထုတ်ကားများကို ဝယ်ယူသူများက ပိုမိုသဘောကျနေသည့်အတွက် ထိုကားများ၏ အရောင်းအဝယ်ကောင်းမွန်ပြီး ၈ျပန်ကားများ၏ အရောင်းအဝယ်ကောင်းမွန်ပြီး ဂျပန်ကားများ၏ အရောင်းအဝယ်ကျဆင်းလာခြင်းဖြစ်ကြောင်း ကားလုပ်ငန်းရှင်များက သုံးသပ်ပြောကြားသည်။