ကားဟောင်းစလစ်ကပ်ပြီး ရန်ကုန်လိုင်စင်လျှောက်ထားသည့် Brand New ကား အစီးခြောက်ဆယ်ကျော်ရှိ


ကားဟောင်းစလစ်ကပ်ပြီး ရန်ကုန် လိုင်စင်လျှောက်ထားသည့် Brand New ကား အစီးခြောက်ဆယ်ကျော်ရှိကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရပါတယ်။

ကားအရောင်းပြခန်းများမှ တင်သွင်းရောင်းချသော Brand New ကားများအား ယာဉ်အို/ ဟောင်း စလစ်ကပ်၍ ရန်ကုန်လိုင်စင် လျှောက်ထားခွင့်ပြုခြင်းကို ၂၀၁၇ ခုနှစ်၊ မတ်လမှ စတင်ခွင့်ပြုခဲ့ရာ ထိုနှစ်အတွင်း ရန်ကုန်လိုင်စင်ဖြင့် စလစ်ကပ်ပြီး Brand New ကားအစီး ၂၇၀ ပါမစ်လျှောက်ထားခဲ့ပါတယ်။ ရန်ကုန်လိုင်စင်ဖြင့် ကားဝယ်ယူအသုံးပြုခွင့် YVQC စနစ် ထွက်ပေါ်မလာသေးသည့်အတွက် ယခုနှစ်အတွင်း စလစ်ကပ်ပြီး ပါမစ်လျှောက်ထားသည့် Brand New ကားအစီးရေ ပိုများလာပြီး ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက စလစ်ကပ်၍ ရန်ကုန်လိုင်စင်ဖြင့် ၆၂ စီး ပါမစ်လျှောက်ထားခဲ့ပါတယ်။

“ကားအရောင်းပြခန်းတွေကနေ ပုံစံ(ဃ)စလစ်ကပ်ပြီး ရန်ကုန်လိုင်စင်လျှောက်ထားခွင့်ပြုတာကို ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်၊ မတ်လကစပြီး ခွင့်ပြုပေးခဲ့ပါတယ်၊ ဒီနှစ်စမှာ ရန်ကုန်လိုင်စင်စလစ်နဲ့ ဝယ်ယူခွင့်ပါမစ်လျှောက်တဲ့ Brand New ကားအစီးရေ များလာပါတယ်”ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်အတွင်း Brand New ကားများ စလစ်ကပ်ပြီး ရန်ကုန်လိုင်စင် လျှောက်ထားရာတွင် ဇန်နဝါရီလ၌ ၆၅ စီး၊ ဖေဖော်ဝါရီလ၌ ၅၄ စီး၊ မတ်လ၌ ၃၃ စီး၊ ဧပြီလ၌ ၃၆ စီး၊ မေလ၌ ၅၅ စီး၊ ဇွန်လ၌ ၅၃ စီး၊ ဇူလိုင်လ၌ ၈၅ စီး၊ သြဂုတ်လ၌ ၅၄ စီး၊ စက် တင်ဘာလ၌ ၄၅ စီး၊ အောက်တို ဘာလ၌ ၄၂ စီး၊ နိုဝင်ဘာလ၌ ၆၄ စီး၊ ဒီဇင်ဘာလ၌ ၄၈ စီးနှင့် ယခုနှစ် ဇန်နဝါရီလ၌ ၆၂ စီးပါမစ် လျှောက်ထားခဲ့ကြောင်း စီးပွားရေးနှင် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရပါတယ်။

Read 1276 times