Yangon- Bago Smart City Bus Line မရပ်နားတော့ဘဲ ဆက်လက်ပြေးဆွဲမည်


Yangon- Bago Smart City Bus Line မရပ်နားတော့ဘဲ ဆက်လက်ပြေးဆွဲမည်


Daewoo ဘတ်စ်ကားများဖြင့် ရန်ကုန်-ပဲခူး နေ့စဉ်ပုံမှန်ပြေးဆွဲလျက်ရှိသည်မှာ သက်တမ်း ၅ လ ရှိပြီဖြစ်သည့်  Yangon- Bago Smart City Bus Line  ကို ၂၀၂၂ ဇွန်လ ၁၀ ရက် သောကြာနေ့မှ စတင်၍ ယာယီရပ်နားမည် ဖြစ်ကြောင်း အသိပေးကြေညာထားခဲ့ပြီး စက်သုံးဆီဈေးနှုန်းများ ထပ်မံမြင့်တက်လာနေသောကြောင့် ပြေးဆွဲခြင်းကို ယာယီရပ်နားလိုက်ရခြင်း ဖြစ်ကြောင်း၊ လုပ်ငန်း ဖျက်သိမ်းခြင်း မဟုတ်ဘဲ အဆင်ပြေသည့်အခါ ပြန်လည်ပြေးဆွဲဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြခဲ့ပါသည်။

ယခုအခါ   ၂၀၂၂ ဇွန်လ ၁၀ ရက်မှ စနေနေ့မှ စတင်၍  ယခင်ခရီးစဉ်များအတိုင်း ပြန်လည်ပြေးဆွဲမည်ဖြစ်ကြောင်း သတင်းကောင်းကို အသိပေးကြေညာထားပါသည်။ 

"နေ့စဉ်အားပေးနေကျ ခရီးသည်တွေရဲ့ အားပေးမှုတွေ တခြား ခရီးသည်တွေရဲ့ တောင်းဆိုမှုတွေကြောင့်
ယာဉ်လိုင်းကို လုံး၀မရပ်နားတော့ဘဲ မနက်ဖြန် (11.6.2022) ကနေစပြီး  ပြန်လည် ၀န်ဆောင်မှုပေးသွားပါ့မယ်" ဟု အသိပေးပြောကြားပါသည်။

အသေးစိတ်သိရှိလိုပါက
095065379
09409290658
ပဲခူးဂိတ်မှူးဖုန်း 09665800344 /09264217798
ရန်ကုန်ဂိတ်မှူးဖုန်း 09456053826
0944664442
0944664443 တို့ကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။ 

ယခင်ကြေညာချက် ဖတ်ရှုရန် အပြာရောင်ခေါင်းစဉ်ကို ထိပါ

Yangon- Bago Smart City Bus Line ယာယီ ရပ်ဆိုင်းမည်

 

 

Read 1039 times