YAMAHA ရဲ့ ကြံ့
မြေပြင်အနေအထား အခြေအနေ အမျိုးမျိုးပေါ်မှာ မောင်းနှင်ဖို့ ဒီဇိုင်းထုတ်ထားတဲ့ ATV (all-terrain vehicle) ယာဉ်ငယ်ကို ကြံ့ Rhino လို့ အမည်ပေးထားတယ်။
ယခု အကျဉ်းချုပ် တင်ပြမယ့် ကြံ့မော်ဒယ်က Yamaha Rhino 700 FI 4x4 Special Edition Deluxe ဖြစ်ပြီး ၂ ယောက် ဘေးချင်းကပ်ထိုင်ပြီး စီးဖို့ယာဉ်ငယ် “side-by-side” အမျိုးအစား ဖြစ်ပါတယ်။ 2008 မော်ဒယ်ကို အခြေခံပြီး ဒီဇိုင်းထုတ်လုပ်ထားပါတယ်။ ရောင်းဈေးက $10,499 ဖြစ်ပါတယ်။
နေပူကြဲတောက်အောက် ကွင်းပြင်ထဲ သွားရတဲ့အခါ နေပူဒဏ် သက်သာဖို့ အမိုး ပါတယ်။
နောက်ဘက်မှာ ပစ္စည်းတင်ဖို့ နေရာ စီစဉ်ပေးထားတယ်။ ပစ္စည်း အလေးချိန် ၁၈၀ ကီလိုဂရမ်အထိ တင်လို့ရတယ်။ ဂီယာက အော်တိုဂီယာဖြစ်ပြီး ဘရိတ်ဖမ်းရင် ၄ ဘီးစလုံးကို ဖမ်းပေးတယ်။
“side-by-side” အခေါ်အဝေါ်များ
ကားလမ်းမဟုတ်တဲ့ လမ်းတွေ၊ မြေအနေအထားတွေမှာ မောင်းနှင်သွားလာဖို့ ထုတ်လုပ်တဲ့ off-road မော်တော်ယာဉ်ဖြစ်တဲ့ “side-by-side” တွေမှာ UTV, ORV, ROHV, ချစ်စနိုးအမည် buggy သဖြင့် အမျိုးးမျိုး ခေါ်ဝေါ်ကြပါတယ်။
ဘာကြောင့် SIDE-BY-SIDE "ဘေးချင်းယှဉ်" လို့ အမည်တွင်သလဲဆိုတော့ ထိုင်ခုံနှစ်ခုသာပါပြီး အဲဒီထိုင်ခုံနှစ်ခုကို ဘေးချင်းယှဉ် “side-by-side” နေရာချထားတာကို အကြောင်းပြုပြီး “side-by-side” လို့ အမည်ပေးထားကြတာ ဖြစ်ပါတယ်။
“side-by-side” က အရပ်စကား အခေါ်အဝေါ် ဖြစ်နေလို့ အခြားအမည် အမျိုးမျိုးဖြင့်လည်း ခေါ်ဝေါ်ပါတယ်။
စသဖြင့် အခေါ်သညာတွေဟာ “side-by-side” မော်တော်ယာဉ်ကို ပြောတာပါ။
“side-by-side” ကို စတိုင်ကျကျ ရေးရင် “SxS” လို့ ရေးကြပါတယ်။
S က side အတိုကောက်ဖြစ်ပြီး by ကို အမြောက်လက္ခဏာ x ဖြင့် ရေးလိုက်တာ ဖြစ်ပါတယ်။
2008 Yamaha Rhino 700 FI 4x4 Special Edition Deluxe ရဲ့ အသေးစိတ်အချက်အလက်များကို ဖော်ပြအပ်ပါတယ်။