Yamaha လျှပ်စစ်စကူတာ ၂ မျိုး ထုတ်လုပ်မည်


Yamaha လျှပ်စစ်စကူတာ ၂ မျိုး ထုတ်လုပ်မည်

Yamaha က ဥရောပနဲ့ အာရှ ဈေးကွက်များအတွက် ထုတ်လုပ်မယ့် လျှပ်စစ်စကူတာ ၂ မျိုးကို အသိပေးကြေညာခဲ့ပါတယ်။
Yamaha E01 နဲ့ Yamaha E02 လျှပ်စစ်စကူတာ ၂ မျိုး ပုံစံထုတ်တဲ့ အဆင့်ပြီးစီးပြီး ထုတ်လုပ်မှု စတင်တော့မှာ ဖြစ်ပါတယ်။
Yamaha က E01 နဲ့  E02 လျှပ်စစ်စကူတာတို့ကို ရှေ့ပြေးပုံစံများအဖြစ်ဖြင့်   2019 Tokyo Motor Show မှာ ပြသခဲ့ဖူးပါတယ်။

၂ နှစ်နီးပါးကြာမြင့်ခဲ့ပြီး ၂၀၂၁ မေလမှာ ထုတ်လုပ်ရန်အသင့်ဖြစ်တဲ့အဆင့်ဖြင့် Yamaha E01 ကို မူပိုင်ခွင့် မှတ်ပုံတင်ခဲ့ပါတယ်။
ယခု ထုတ်ပြန်ကြေညာတာမှာ လျှပ်စစ် စကူတာ e-scooter ၂ မျိုးကို ၂၀၂၂ ခုနှစ်အတွင်း ထုတ်လုပ်ဖို့ အစီအစဉ် ချမှတ်ထားတယ်လို့ အသိပေးပြောကြားပါတယ်။ ဒါပေမဲ့ လျှပ်စစ် စကူတာတွေရဲ့ အသေးစိတ် အချက်အလက်များကိုတော့ အသိပေး ထုတ်ပြန်ခြင်း မပြုခဲ့ပါဘူး။

 

Yamaha E01


မူပိုင်ခွင့် ရယူတဲ့ စာရွက်စာတမ်းများအရ E01 လျှပ်စစ်စကူတာက 125cc အင်ဂျင်သုံးတဲ့ စကူတာနဲ့ အတန်းအစား တူပါတယ်။
အဲဒီအတန်းအစားမှာ ပါဝါ အများဆုံး 
11 kW (15 hp) အထိ ရှိပါတယ်။ အမြန်ဆုံး အမ့န်နှုန်းက တစ်နာရီ ၁၅ မိုင် (၉၀ ကီလိုမီတာ) ဖြစ်ပါတယ်။

မူပိုင်ခွင့် စာရွက်စာတမ်းများမှာ ဖော်ပြထားတဲ့ပုံအရ အရွယ်ကြီးကြီး ဘက်ထရီကို ဖရိန်အလယ်နားမှာ အသေထိုင်ထားပါတယ်။ စကူတာ ထိုင်စီးရင် ခြေထောက်ချတဲ့ ကြမ်းပြင်မှာ ဖြစ်ပါတယ်။
မော်‌တာကို ဘက်ထရီနောက်ဘက်နှားမှာ ထိုင်ထားပြီး နောက်ဘီးကို ချိန်းကြိုးနဲ့ ချိတ်ဆက်ထားပါတယ်။ 
အားသွင်းပေါက်က စကူတာ ရှေ့ပိုင်းမှာ ဖြစ်ပြီး စကူတာကို ခေါင်းထိုးပြီး အားသွင်းဖို့ လွယ်ကူနေစေပါတယ်။

Yamaha E02

 

Yamaha E02 လျှပ်စစ်စကူတာက အရွယ်ပိုငယ်ပါတယ်။ 50cc အင်ဂျင်သုံးစွဲတဲ့ အရွယ်အစား ဖြစ်ပါတယ်။  မော်တာပါဝါ ပိုငယ်ပါတယ်။ အများဆုံး 4 kW (5.3 hp) အထိ ရှိတဲ့ အတန်းအစား ဖြစ်ပါတယ်။ အမြန်ဆုံး အမြန်နှုန်းက တစ်နာရီ ၂၈ မိုင် (၄၅ ကီလိုမီတာ) ဖြစ်ပါတယ်။
ဘက်ထရီက အရွယ်ငယ်လို့ အလေးချိန် မများတာကြောင့် ဖြုတ်လို့တတ်လို့ရတဲ့ ဒီဇိုင်းကို သုံးစွဲလိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။

 

 

Read 2860 times