Tesla မိတ္တူပွားသည့် တရုတ်လျှပ်စစ်ကား Xpeng


Tesla သည် တရုတ် EV ကုမ္ပဏီတစ်ခုဖြစ်သော Xpeng သည် ၎င်း၏ဉာဏပစ္စည်းအချို့ကိုခိုးယူသည်ဟု စွပ်စွဲထားခဲ့ပြီး ယခုအခါ Tesla ရဲ့ ၀က်ဘ်ဆိုက်ဒီဇိုင်းကို Xpeng ရဲ့ ဝဘ်ဆိုက်က ထပ်တူပြုမိတ္တူကူးထားကို တွေကြရတယ်။

ပြီးခဲ့သည့်နှစ်က Tesla က အလိုအလျောက်ထိန်းကျောင်းမောင်းနှင် စနစ် Autopilot engineer ဖြစ်သူ Guangzhi Cao ကို တရားစွဲဆိုခဲ့ပါတယ်။ Cao က အမေရိကန်အခြေစိုက် လျှပ်စစ်ကား ကုမ္ပဏီ Tesla မှာ လုပ်ကိုင်ခဲ့စဉ် Autopilot အတွက် အရင်းအမြစ်ကုဒ် source code တွေကို သူ့ကိုယ်ပိုင် ကိရိယာထဲ ကူးယူခဲ့တယ်။ နောက်တော့ Cao က တရုတ်ပြည်မှ လျှပ်စစ်ကား လုပ်ငန်းသစ်ကို အဲဒီ source code တွေ ရောင်းစားခဲ့တယ်။ Xpeng ရဲ့ ကားတွေအတွက် Autopilot တွေမှာ သုံးစွဲထားတယ်လို့ Tesla က စွပ်စွဲခဲ့ပါတယ်။

Tesla က Xpeng သည် ၎င်း၏ Autopilot အရင်းအမြစ်ကုဒ်ကို ၎င်း၏ကိုယ်ပိုင် driver-assist features များအနေဖြင့်အသုံးမပြုထားပြီး Tesla နှင့်အလွန်ဆင်တူနေတယ်လို့ ဆိုပါတယ်။

ယခုအခါ Xpeng ရဲ့ ၀ က်ဘ်ဆိုက်မှာ ၎င်းရဲ့ P7 လျှပ်စစ် sedan အသစ်ကို တင်ပြထားတာမှာ Tesla ရဲ့ ဝက်ဘ်ဒီဇိုင်းကို ပုံတူ ထပ်တူထပ်မျှ ပြုထားပါတယ်။

၂၀၁၄ ခုနှစ်တွင် Xpeng ကိုတည်ထောင်ခဲ့သူ Henry Xia က သူ့အပေါ် Tesla က ဩဇာလွှမ်းမိုးမှု ရှိကြောင်း၊ Tesla က သူတို့၏မူပိုင်ခွင့်များကို မည်သူမဆို အခမဲ့ ယူသုံးဖို့ ဖွင့်ပေးထားတဲ အရင်းအမြစ်များ open-source ဟု သတ်မှတ်ကြောင်း လူသိရှင်ကြား ကြေညာခဲ့သည်ကလည်း သူ့အပေါ် ဩဇာညောင်းပါကြောင်း ပြောကြားခဲ့သည်။

Xpeng သည် Tesla ၏ မူပိုင်ခွင့်များကို တကယ့်လက်တွေ့တွင် အမှန်တကယ် အခမဲ့ ရယူ အသုံးပြုသည့် ပထမဆုံး ကုမ္ပဏီ ဖြစ်သည်။

သိုံသော် Tesla သည် မူပိုင်ခွင့်ကို open-source အမှန်တကယ် အရင်းအတိုင်း ပေးကမ်းခြင်း မရှိချေ။ စကားအဖြစ် ပြောဆိုခြင်းသာ ဖြစ်ပြီး မူပိုင်ခွင့်များကို ရယူသုံးစွဲသူ မည်သူမဆိုကို တရားစွဲဆိုမည် မဟုတ်ကြောင်း ကတိပေးခဲ့ခြင်းသာ ဖြစ်သည်။ ထိုသို့ ရယူသုံးစွဲရာတွင် စိတ်ရင်းမှန်ဖြင့် အသုံးပြု၍ လျှပ်စစ်မော်တော်ယာဉ်များထုတ်လုပ်ရန် အတွက်သာ ဖြစ်သည်ဟု ဆိုသည်။

၎င်း၏ ဒီဇိုင်းပိုင်းကို မိတ္တူပွားပြီး ယူသုံးပါက တရားစွဲဆိုမည်ဟုလည်း ပြောကြားထားသည်။

Xpeng P7 တွင် Tesla ၏ လျှပ်စစ်ကားနှင့် ဆင်ဆင်တူသည်များ ပါဝင်နေသော်လည်း ကွာခြားနေသည်များလည်း ရှိနေသည်။ ဆင်ဆင်တူနေသည်မှာ Autopilot ဒိုင်ခွက် ဖြစ်သည်။

ဝဘ်ဆိုက် စာမျက်နှာမှာ တစ်ထေရာတည်း ဖြစ်နေသည်။

Xpeng ကုမ္ပဏီက Tesla လျှပ်စစ်ကားကို အားကျသဖြင့် “Tesla clone” ဟု အခေါ်ခံရသည့် လျှပ်စစ်ကားများ ထုတ်လုပ်ကြောင်း ပြောကြားသည်။

Tesla က တရုတ်အစိုးရ၏ ထောက်ခံအားပေးမှုများ ရရှိနေပြီး တရုတ်ဈေးကွက်အတွက် Tesla လျှပ်စစ်ကားများကို ရှန်ဟိုင်းမြို့တွင် ၂၀၁၉ ခုနှစ်မှာ စက်ရုံဆောက်ပြီး ထုတ်လုပ် ရောင်းချသည့်အခါ တရုတ်ပြည်တွင်း လျှပ်စစ်ကားဈေးကွက်ကို လွှမ်းမိုး အနိုင်ယူခဲ့သည်။ ပြည်တွင်း လျှပ်စစ်ကား လုပ်ငန်းငယ်များ အကျပ်ရိုက်သွားစေခဲ့သည်။

Tesla ၏ Model 3 လျှပ်စစ်ကားများကို တရုတ်အစိုးရထံမှ ထောက်ပံ့ငွေ ရယူပြီး ဈေးလျှော့ ရောင်းချခဲ့သည်။ အစိုးရ ထောက်ပံ့ငွေ ရယူသော လျှပ်စစ်ကားလုပ်ငန်းများသည် ကားရောင်း'ဈေးကို လျှော့ပြီး ရောင်းချရန် ကတိပြုထားရပြီး မလွဲမသွေ လိုက်နာကြရသည်။

Read 5440 times