Xpeng X2 Voyager ယာဉ်ပျံ ဥရောပတွင် မိတ်ဆက်


Xpeng X2 Voyager ယာဉ်ပျံ ဥရောပတွင် မိတ်ဆက်

 

တရုတ်နိုင်ငံမှ လျှပ်စစ်မော်တော်ယာဉ် ထုတ်လုပ်ရေးလုပ်ငန်း Xpeng က Xpeng X2 Voyager ယာဉ္ပျံကို ဥရောပဈေးကွက်အတွက် နယ်သာလန်နိုင်ငံမှာ စတင်မိတ်ဆက်ပါတယ်။ ၂၀၂၄ မှာ စတင်ရောင်းချမယ့် Xpeng X2 ယာဉ္ပျံက ထောင်လိုက်တက်ဆင်းလျှပ်စစ်ယာဉ်ပျံ electric vertical take-off and landing (eVTOL) အမျိုးအစားဖြစ်ပါတယ်။ ရောင်ဈေးက ယွမ် တစ်သန်း အောက်လို့ ဆိုပါတယ်။ အကြမ်းအားဖြင့် ဆလင်ဒါ ၆လုံး အင်ဂျင် တပ်ထားတဲ့ BMW 7 Series ရောင်းဈေးဝန်းကျင် ဖြစ်ပါတယ်။

အီးယူမှာ ယခုနှစ် နှစ်လယ်ပိုင်းမှာ စမ်းသပ်ပျံသန်းမှုတွေ ဆောင်ရွက်မှာ ဖြစ်ပါတယ်။


၂၀၂၄ ခုနှစ်မှာ တရုတ်ပြည်တွင်း ဈေးကွက်မှာ စတင်ရောင်းချဖို့ အစီအစဉ် ရေးဆွဲထားပါတယ်။

ယာဉ်ပျံကိုယ်ထည်ကို ကာဘွန်ဖိုင်ဘာဖြင့် ပြုလုပ်ထားပါတယ်။ ယာဉ်အလေးချိန် ၃၆၀ ကီလို ရှိပါတယ်။ လေထဲပျံတက်တဲ့အခါ ယာဉ်+ကုန် အလေးချိန် ၅၆၀ ကီလိုအထိ သယ်ဆောင်ပေးနိုင်ပါတယ်။ ဒိတော့ ကုန်ချည်းသက်သက် ကီလို ၂၀၀ ပဲ ရနိုင်မှာ ဖြစ်ပါတယ်။ ကမ္ဘာ့ပျမ်းမျှ လူ့ကိုယ်အလေးချိန်က  ၆၂ ကီလိုဂရမ် ဖြစ်ပါတယ်။ ၂ ယောက်တက်စီးလိုက်ရင် ၁၂၀ ကီလိုဂရမ် အထက်မှာ ရှိပါတယ်။ ပစ္စည်းသယ်ဖို့ အလေးချိန် များများစားစား မဖြစ်နိုင်ပါဘူး။

Xpeng X2 Voyager က ၂ ယောက်စီးဖြစ်ပြီး အမြင့် ၃၀၀~၅၀၀ မီတာမှာ ပျံသန်းပါတယ်။ ပေအားဖြင့် ၁,၀၀၀~၆,၀၀၀အမြင့်ဖြစ်ပါတယ်။
ဘက်ထရီအားအပြည့်ဆိုရင် ၃၅ မိနစ်ကြာ ပျံသန်းနိုင်ပါတယ်။
ပန်ကာ ၈ လုံးပါပြီး ပန်ကာတိုင်းမှာ မော်တာတစ်လုံးစီ တပ်ပေးထားပါတယ်။ အကယ်၍ မော်တာ တစ်လုံးပျက်ခဲ့ရင် ကျန်တဲ့ မော်တာများဖြင့် ထိန်းမောင်းလို့ ရပါတယ်။ လေထီးလည်း ထည့်ပေးထားပါတယ်။
Xpeng X2 ကို Xpeng Heitech က ထုတ်လုပ်ပေးမှာ ဖြစ်ပါတယ်။

Read 1059 times