Xpeng က အရှုံး ယွမ်ငွေ ၂.၇ ဘီလီယံဖြင့် ဆက်လက်မောင်းနှင်


Xpeng က အရှုံး ယွမ်ငွေ ၂.၇ ဘီလီယံဖြင့် ဆက်လက်မောင်းနှင်

တရုတ်လျှပ်စစ်ကားထုတ်လုပ်ရေးလုပ်ငန်း Xpeng က ဒုတိယသုံးလပတ်အတွက် မျှော်လင့်ထားကြတာထက် ဆုံးရှုံးမှုများပြားပြီး အမှာစာများထံ ကားပေးပို့မှု  အားနည်းကြောင်း ၃လပတ်အစီရင်ခံစာမှာ ဖော်ပြပြီးနောက် Xpeng ရဲ့ ဟောင်ကောင်စတော့အိပ်ချိန်း စာရင်းဝင်ရှယ်ယာများရဲ့ ပေါက်ဈေးများ ဗုဒ္ဓဟူးနေ့(ဩဂုတ် ၂၄)တွင် ၁၂% ကျော် ကျဆင်းသွားခဲ့ပါတယ်။

 

အင်္ဂါနေ့တွင် Xpeng က  တရုတ်ယွမ်ငွေ ၂.၇ ဘီလီယံ (ကန်ဒေါ်လာ ၄၀၃.၂ သန်း) ရှုံးခဲ့ကြောင်း အစီရင်ခံတင်ပြခဲ့ပါတယ်။ ယွမ် ၁.၆ ဘီလီယံ ရှုံးလိမ့်မယ်လို့ ထင်ထားကြတာထက် အများကြီး ပိုရှုံးနေပါတယ်။ တရုတ်နိုင်ငံ ကွမ်ကျိုအခြေစိုက် Xpeng က တတိယ၃လပတ်မှာ စီးရေ ၂၉,၀၀၀~၃၁,၀၀၀ ကို အမှာစာများထံ ပေးပို့ဖို့ မျှော်မှန်းထားကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ယမန်နှစ် အလားတူကာလထက် ၁၃~၂၀.၈% ပိုများပါတယ်။ ဒါပေမဲ့ ယခင်က မျှော်မှန်းထားတာထက် ၄၀% ဝန်းကျင် လျော့နည်းနေပါတယ်။ မော်ဒယ်အသစ် G9 လျှပ်စစ် SUV ကို စက်တင်ဘာလအတွင်း စတင်ထုတ်လုပ်မှာ ဖြစ်ပြီး အောက်တိုဘာလမှာ အမှစာများထံ စတင်ပေးပို့ပါမယ်။

 

 နောက်နှစ်မှာ G9 က လက်ရှိထုတ်လုပ်နေတဲ့ P7 ထက် စီးရေပိုများများ ပေးပို့ရလိမ့်မယ်လို့ Xpeng ဥက္ကဋ္ဌ Brian Gu က ပြောကြားပါတယ်။ ဇူလိုင်လမှာ P7 မော်ဒယ် ၆,၃၉၇ စီး ပေးပို့ခဲ့ပါတယ်။ ၂၀၂၃ မှာ နောက်ထပ် မော်ဒယ် ၂ မျိုး ထပ်မံထုတ်လုပ်ဖို့ အစီအစဉ် ရှိပါတယ်။

 

Telegram Channel https://t.me/Guid4U

Source:CNBC

#MyanmarAutomobileGuide 

Read 2892 times