XPeng မော်ဒယ်အသစ် G6 SUV ကြိုပွိုင့် ရောင်းအားကောင်း


 XPeng မော်ဒယ်အသစ် G6 SUV ကြိုပွိုင့် ရောင်းအားကောင်း

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


တရုတ်နိုင်ငံအခြေစိုက် XPeng ၏ G6 SUV အတွက် ကြိုတင်ရောင်းချမှု စတင်ချိန်မှ ၇၂ နာရီအတွင်း အမှာစာ ၂၅,၀၀၀ ကျော် ရောက်ရှိလာကြောင်း ပြောကြားသည်။

XPeng သည် ယခုနှစ် ပထမ ၃ လပတ်တွင် မှန်းဆထားသည်ထက် အရှုံးပိုများခဲ့သည်။ G6 ရောင်းအားကောင်းခြင်းသည် XPeng ကို အသက်ရူချောင်စေမည် ဖြစ်သည်။

G6 သည် XPeng ၏ ပဉ္စမမြောက် မော်ဒယ် ဖြစ်သည်။ ခရီးတာ ၇၅၅ ကီလိုမီတာအထိ သွားနိုင်သည်။ ကီလိုမီတာ ၃၀၀ အတွက် အားသွင်းချိန် ၁၀ မိနစ်သာ ကြာသည်။
 
G6 Ultra Smart Coupe SUV အတွက် ကြိုတင်ရောင်းချမှုကို ဇွန်လ ၉ ရက်တွင် စတင်သည်။ တစ်ရက်တည်းမှာပင် XPeng အရောင်းပြခန်းများတွင် G6 ကို စတင်ပြသခဲ့သည်။

ဇွန်လကုန်အထိ အချိန်ကန့်သတ်ထားသော ရောင်းဈေးနှုန်းမှာ $31,510 ဖြစ်သည်။

 XPeng သည် မေလကုန်တွင် ယခုနှစ် ပထမ ၃ လပတ်အတွက် အရှုံးပမာဏကို ကြေညာခဲ့ရာ ရှယ်ယာတစ်စုလျှင် ၃၇ ဆင့် ရှုံးသည်။ 
ဝင်ငွေမှာ ယမန်နှစ်ကထက် ၄၆% လျော့ကျသည်။ ကန်ဒေါ်လာ ၅၈၇ သန်း ရရှိခဲ့သည်။

Source investor
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 318 times