XPeng လျှပ်စစ်ကား ထုတ်လုပ်မှု စီးရေ တစ်သိန်းပြည့်


၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၁ ရက်မှာ တရုတ်နိုင်ငံမှ လျှပ်စစ်ကား ထုတ်လုပ်ရေးလုပ်ငန်း XPeng ရဲ့ စီးရေတစ်သိန်းမြောက် လျှပ်စစ်ကားကို ထုတ်လုပ်မှု ပြီးစီးခဲ့ပါတယ်။ 
စီးရေတစ်သိန်းမြောက်လျှပ်စစ်ကားရဲ့ မော်ဒယ်က XPeng P7 ဖြစ်ပါတယ်။ 

XPeng က လက်ရှိအနေအထားမှာ ဆက်လက်ကြီးထွားနေတဲ့ အခြေအနေကို ရရှိထားပါတယ်။ ရောင်းအားလည်း ကောင်းနေပါတယ်။ တစ်လအတွင်း စီးရေ ၁၀,၀၀၀ ကျော် ရောင်းရတဲ့အခြေအနေကို ပထမဆုံးအကြိမ်အဖြစ် ရရှိခဲ့ပြီး  XPeng P7 စီးရေ ၇,၅၀၀ ကျော်နဲ့ XPeng G3 စီးရေ ၂,၆၀၀ ကျော် ရောင်းချခဲ့ရတာ ဖြစ်ပါတယ်။ 
XPeng ရဲ့ တတိယမြောက် မော်ဒယ်ဖြစ်တဲ့ XPeng P5 ကို ဥရောပဈေးကွက်သို့ ချဲ့ထွင်ရန် နော်ဝေးနိုင်ငံသို့ စတင် တင်ပို့ရောင်းချခဲ့ပါတယ်။ 

အောက်တိုဘာလ ၁၁ ရက်မှာ မိုင်တိုင်တစ်ခုအဖြစ် စီးရေ တစ်သိန်းမြောက်ကို ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ 

ကွမ်ဒေါင်ပြည်နယ်မှာ တည်ရှိတဲ့  XPeng Zhaoqing Smart EV Manufacturing Base မှာ လျှပ်စစ်ကား ထုတ်လုပ်မှု အများစုကို လုပ်ဆောင်လျက် ရှိပါတယ်။ စက်ရုံကို ၂၀၂၀ ပြည့်နှစ် မေလမှာ စတင်လည်ပတ်ခဲ့ပါတယ်။ စက်ရုံကို တိုးချဲ့နေပြီး တစ်နှစ်လျှင် စီးရေ တစ်သိန်း ထုတ်လုပ်လျက် ရှိရာမှ စီးရေ နှစ်သိန်းအထိ ၂ ဆ တိုး ထုတ်လုပ်နိုင်ဖို့ ရည်မှန်းထားပါတယ်။ 

၂၀၂၂ ခုနှစ်မှာ ကွမ်ကျိုပြည်နယ်မှာ နောက်ထပ် လျှပ်စစ်ကားထုတ်လုပ်ရေး စက်ရုံကို စတင်လည်ပတ်ဖို့ အစီအစဉ် ရှိပါတယ်။ တတိယမြောက် စက်ရုံကိုတော့ ဝူဟန်မှာ လုပ်ကိုင်သွားမှာ ဖြစ်ပါတယ်။ 

စက်ရုံသုံးရုံ အပြည့်လည်ပတ်နိုင်တဲ့အခါ တစ်နှစ်လျှင် လျှပ်စစ်ကားစီးရေ လေးသိန်းအထိ ထုတ်လုပ်နိုင်မှာ ဖြစ်ပါတယ်။ 

စတုတ္ထမြောက် လျှပ်စစ်ကား ထုတ်လုပ်ရေး စက်ရုံကိုတော့ ချန်ဒူမှာ ထားရှိဖို့ ရည်မှန်းထားပါတယ်။ 

 

 

 

 

 


 

Read 1427 times