Tesla Model 3 ပုံတူ Xpeng ကို စတင်ဖြန့်ချိ


Tesla Model 3 ရဲ့ ပြိုင်ဘက် ဖြစ်မယ့် Xpeng P7 လျှပ်စစ်ကားတွေကို ဈေးဖွင့်ပြီး စတင်ဖြန့်ချိပါတယ်။ Xpeng P7 က ဈေးပိုသက်သာပြီး တစ်ခါအားအပြည့်သွင်းပြီးရင် သွားနိုင်တဲ့ ခရီးတာလည်း ပိုများပါတယ်။
Tesla မှ ကားရဲ့ ပင်ကိုကားမောင်းစနစ်ကို ခိုးယူထားတယ်လို့ စွပ်စွဲတာကို Xpeng က ခုခံကာကွယ်ပါတယ်။

ကမ္ဘာ့လျှပ်စစ်ကားလောကမှာ Tesla ကို လူသိအများဆုံး ဖြစ်ပါတယ်။ တရုတ်ပြည်တွင်းဈေးကွက်မှာလည်း ရောင်းအား အခြေအနေ ကောင်းမွန်ပါတယ်။ တန်ဖိုးသင့် မော်ဒယ်ဖြစ်တဲ့ Tesla Model 3 ကို ပုံတူယူထားတဲ့ ကားမော်ဒယ် P7 ကို Xpeng က ထုတ်လုပ်ပြီး Tesla ကို ယှဉ်ပြိုင်တော့မှာ ဖြစ်ပါတယ်။

ဈေးနှုန်း
===
တရုတ်ပြည်မှ လျှပ်စစ်ကား လုပ်ငန်းသစ်ဖြစ်တဲ့ Xpeng က P7 sports sedan ကို စတင်ရောင်းချပြီး ပြည်တွင်းလျှပ်စစ်ကားဈေးကွက်ထဲကို မောင်းဝင်လိုက်ပါတယ်။
ဈေးနှုန်းတွေက 229,900 ယွမ် (US$32,470) က စပါတယ်။ တရုတ်အစိုးရရဲ့ လျှပ်စစ်ကား ဝယ်ယူသူတွေကို ထောက်ပံ့ကြေး နုတ်လျှော့ထားတဲ့ ဈေးနှုန်း ဖြစ်ပါတယ်။ Tesla Model 3 ရဲ့ တရုတ်အစိုးရရဲ့ လျှပ်စစ်ကား ဝယ်ယူသူတွေကို ထောက်ပံ့ကြေး နုတ်လျှော့ထားတဲ့ ဈေးနှုန်းက
271,550 ယွမ် (US$38,350) ဖြစ်ပါတယ်။

ခရီးတာ
===
ဘက်ထရီ အားအပြည့်ဖြည့်ပြီးတဲ့အခါ သွားလို့ရမယ့် ခရီးတာက P7 က ၇၀၆ ကီလိုမီတာလို့ Xpeng က ဆိုပါတယ်။ Model 3 က ၆၆၈ ကီလိုမီတာ ဖြစ်ပါတယ်။

ကွမ်ကျိုအခြေစိုက် Xpeng က တရုတ်ပြည်ရှိ မြို့ကြီး ၅၇ ခုမှာ အရောင်းဆိုင် ၁၉၀ ခု ဖွင့်လှစ်ပြီး ကွန်ရက်တစ်ခု ထူထောင်ထားပါတယ်။ အရောင်းအပြင် ပြုပြင်ထိန်းသိမ်းရေး ဝန်ဆောင်မှုတွေကိုပါ လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။


scmp.com

Xpeng P7 specs:
Length: 4880mm
Wheelbase: 2998mm
Max power / max torque (4WD variant): 120kW (Front), 196kW (Rear) / 655 Nm
0-100 km/h acceleration: 4.3 s
NEDC driving range: 550 km (4WD), 650 km (2WD)

 

 

Read 2255 times