စမတ်ဖုန်း ထုတ်လုပ်သည့် Meizu ပထမဆုံး ကားမော်ဒယ် ထုတ်လုပ်တော့မည်


စမတ်ဖုန်း ထုတ်လုပ်သည့် Meizu ပထမဆုံး ကားမော်ဒယ် ထုတ်လုပ်တော့မည်

TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U

တချိန်တုန်းက တရုတ်ထိပ်တန်းစမတ်ဖုန်း ထုတ်လုပ်သူ  Meizu သည် ယခုအခါ ကားထုတ်လုပ်သည့် နယ်ပယ်ထဲ ရောက်ရှိနေပြီး ပထမဆုံးမော်ဒယ် Meizu DreamCar MX ကို ၂၀၂၄ ခုနှစ် ပထမ ၃ လပတ်တွင် ထုတ်လုပ်မည် ဖြစ်ကြောင်း တရုတ်လူမှုကွန်ရက် Weibo တွင် နိုဝင်ဘာလ ၃၀ ရက်မှာ ကြေညာခဲ့သည်။

 ဝူဟံမြို့ အခြေစိုက် Xingji Meizu ကို Geely ထူထောင်သူ Li Shufu ထူထောင်ထားသည့် Hubei Xingji Shidai Technology နှင့် စမတ်ဖုန်း ထုတ်လုပ်သည့် Meizu Technology တို့ကို ပေါင်းစည်းပြီး ထူထောင်ခဲ့သည်။
တရုတ်ကားထုတ်လုပ်သူ Zhejiang Geely Holding Group က ကျောထောက်နောက်ခံပြုထားသော စမတ်ဖုန်းထုတ်လုပ်သူ Xingji Meizu Group သည် မော်တော်ယာဉ်သုံး ဆော့ဖ်ဝဲလည်ပတ်စနစ် Flyme Auto ကို ဖန်တီးခြင်းဖြင့် ကားထုတ်လုပ်သည့် နယ်ပယ်ထဲ ခြေချခဲ့သည်။ 


Meizu DreamCar MX ကို ဝယ်ယူသူ စိတ်ကြိုက် ရွေးချယ်စရာများ စီစဉ်ပေးထားမည် ဖြစ်သည်။ ကားကိုယ်ထည် အရောင်၊ ကားအတွင်းပိုင်း အရောင် အစရှိသည်တို့ကို ရွေးချယ်သတ်မှတ်ပေးနိုင်မည် ဖြစ်သည်။
ပထမဆုံးမော်ဒယ် Meizu DreamCar MX တွင် ထည့်ပေးထားစေလိုသည့် လုပ်ဆောင်ချက်များကိုလည်း လူထုအနေဖြင့် အကြံပေးနိုင်ကြောင်း ကြေညာချက်တွင် ဖိတ်ခေါ်ထားပါသည်။

Source yicaiglobal 
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U

Read 268 times