Xiaomi က ကားကုမ္ပဏီထူထောင်ကြောင်း တရားဝင် ကြေညာ


စမတ်ဖုန်းထုတ်လုပ်တဲ့ Xiaomi ပူးတွဲထူထောင်သူနဲ့ စီအီးအို ဖြစ်သူ Lei Jun က သူ့ရဲ့ Weibo မှာ Xiaomi Auto Co. Ltd အမည်ဖြင့် ကားထုတ်လုပ်ရေးလုပ်ငန်း လုပ်ဆောင်ကြောင်း အသိပေးကြေညာခဲ့ပါတယ်။ လုပ်ငန်း မှတ်ပုံတင် အရင်းအနှီး ယွမ် ၁၀ ဘီလျံ (ကန်ဒေါ်လာ ၁.၅ ဘီလျံ) ဖြင့် စတင်မှာ ဖြစ်ပြီး သူက တရားဝင်ကိုယ်စားလှယ်အဖြစ် လုပ်ကိုင်မယ်လို့ ဆိုပါတယ်။ 

အခုလို မကြေညာခင်မှာ Lei Jun က ကားထုတ်လုပ်ရေးကဏ္ဍကို လေ့လာရေး ဆင်းခဲ့ပါတယ်။ ကားကုမ္ပဏီအတွက် ကုန်အမှတ်တံဆိပ်များ၊ မူပိုင်ခွင့်များ လျှောက်ထား ရယူခဲ့ပါတယ်။  Changan Automobile, SAIC, Dongfeng, Trumpchi, SGMW and Great Wall Motors အစရှိတဲ့ ကားထုတ်လုပ်ရေးလုပ်ငန်းများကိုလည်း ကွင်းဆင်းလေ့လာခဲ့ပါတယ်။ 

Xiaomi Auto ရုံးချုပ်ကို တရုတ်နိုင်ငံမြို့တော် ဘီဂျင်းမှာ ထားရှိပြီး Economical-Technological Area မှာ ရုံးအဆောက်အဦ တည်ရှိပါတယ်။ 

Xiaomi ရဲ့ ဒုဥက္ကဋ္ဌ ဖြစ်သူ Wang Xiang က အရင်ဆုံး လုပ်ရမယ့် အဆင့်မှာ ပင်ကိုပါရမီရှိတဲ့သူ ၅၀၀ ဦးကျော်ကို ရှာဖွေပြီး အလုပ်ခန့်အပ်မယ်လို့ ဆိုပါတယ်။ လောလောဆယ် လျှောက်ထားသူ ၂၀,၀၀၀ ကျော် ရှိနေပြီလို့ ဆိုပါတယ်။

ကား အလိုအလျောက် မောင်းနှင်ခြင်းမှာ အဆင့်တွေ ခွဲခြားသတ်မှတ်ထားတဲ့အနက် အဆင့်၄ အလိုအလျောက်မောင်းနှင်ခြင်း နည်းပညာ  L4 automatic driving technology ကို စူးစိုက်လုပ်ကိုင်သွားမယ်လို့ သူက အသိပေးပြောကြားပါတယ်။ 

Level 0, Level 1, သို့မဟုတ် Level 2 တို့မှာ ယာဉ်မောင်းကို ထောက်ကူပေးတာမှာ ယာဉ်မောင်းက ထဲထဲဝင်ဝင် ပါဝင်လုပ်ကိုင်ပေးရပါတယ်။ 
 Level 3, Level 4, သို့မဟုတ် Level 5 တို့မှာ ယာဉ်မောင်းအစား ကွန်ပျူတာက ကားကို ထိန်းကျောင်း မောင်းနှင်ပေးပါတယ်။ ယာဉ်မောင်းက နိုးနိုးကြားကြားဖြင့် လိုအပ်ရင် ကားကို ထိန်းပေးဖို့အတွက် အသင့်ဖြစ်နေဖို့ မလိုတော့တဲ့ အဆင့်တွေ ဖြစ်ပါတယ်။ 
Xiaomi က ကားတည်ဆောက်မှုနဲ့ ပတ်သက်တဲ့ နည်းပညာကုမ္ပဏီတွေမှာ အရင်းအနှီးထည့်ဝင်ခြင်း၊ ကုမ္ပဏီကို ဝယ်ယူခြင်းများဖြင့် လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကတည်းက ပြင်ဆင်နေခဲ့တယ်လို့ ဆိုပါတယ်။ 
 

Read 683 times