Xiaomi ကျောထောက်နောက်ခံပြု SSC SC-01  ထုတ်လုပ်မှု စတင်


 Xiaomi ကျောထောက်နောက်ခံပြု SSC SC-01  ထုတ်လုပ်မှု စတင်

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့တွင် Xiaomi မှ ကျောထောက်နောက်ခံပြုထားသော Tianjin Gongjiangpai Auto Technology သည် ကားပြုပြင်မွမ်းမံခြင်းဆိုင်ရာ အတွေ့အကြုံဖြင့် Small Sports Car (SSC) SC-01 ဟု အမည်ပေးထားသည့် လျှပ်စစ်စွမ်းအင်သုံး အိမ်စီးပြိုင်ကားကို ထုတ်လုပ်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

.

SC-01 အတွက် စပေါ်ငွေ ပေးသွင်းထာသော ကားဝယ်သူများသည် ထုတ်လုပ်မှု အကောင်အထည် မပေါ်လာသဖြင့်  စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်နေစဉ် SSC SC-01 အိမ်စီးပြိုင်ကားမော်ဒယ်၏ ပထမဆုံးကား အဖြူရောင်သည် ထုတ်လုပ်ရေးလိုင်းမှ ဘီးလှိမ့်ပြီး ထွက်လာသည်။ SC-01 စတင်ထုတ်လုပ်ပြီ ဖြစ်ကြောင်း တရားဝင်ကြေညာသည်။

.

နှစ်ယောက်စီး အိမ်စီးပြိုင်ကားသည် လျှပ်စစ်ကား ဖြစ်ပြီး ကြိုပွိုင့်အရောင်း ဈေးနှုန်းသည် ယွမ် ၃ သိန်း (42,000 USD) အောက်ဖြင့် ဈေးဖွင့်မည်ဟု ဆိုသည်။ ယခုနှစ်အတွင်း တရုတ်ပြည်မှာ စတင် ရောင်းချမည်။

Tianjin Gongjiangpai Auto Technology သည် Xiaomi ထံမှ ငွေကြေးထည့်ဝင်မှုများကို ရရှိခဲ့သည်။

.

SSC SC-01 ကိုယ်ထည် အရွယ်အစားမှာ

• အလျား 4105mm

• အကျယ် 1830mm

• အမြင့် 1160mm

 

ယာဉ်အလေးချိန် 1370kg ခန့် ရှိသည်။

ဘက်ထရီထုပ်ကို ကြမ်းပြင်တွင် နေရာမချဘဲ ယာဉ်အလယ်ပိုင်းတွင် နေရာချပေးထားသည်။ အင်ဂျင်ပြိုင်ကားများဖြစ်သည့် Lotus Elise နှင့် Toyota MR2 တို့တွင် အင်ဂျင်ထားရှိသည့်နေရာနည်းတူ နေရာချပေးထားသည်။

 

 

အားသွင်းရန် ကြာချိန်မှာ ၃၀% မှ ၈၀% အထိ ၂၅ မိနစ် ဖြစ်ပါသည်။

ခရီးတာ ၅၂၀ ကီလိုမီတာ သွားနိုင်သည်။

 

drive mode များမှာ front-wheel drive, rear-wheel drive, four-wheel drive, sport mode တို့ပါဝင်သည်။ 

လျှပ်စစ်မော်တာသည် ပါဝါ 320kW နှင့် ရုန်းအား 560Nm အထိ ထုတ်ပေးနိုင်သည်။ 

Source: Small Sports Car


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

Read 208 times