Xiaomi က ယွမ် ၁ ဘီလီယံဖြင့် ဒုတိယမြောက် ကားကုမ္ပဏီ ထူထောင်


Xiaomi က အီးဗီကား ထုတ်လုပ်ဖို့ ကြိုးပမ်းအားထုတ်လျက်ရှိရာ စက်တင်ဘာလမှာ Xiaomi Automobile Co., Ltd ကို ထူထောင်ခဲ့ပြီး မှတ်ပုံတင်ခဲ့ပါတယ်။
ယခု နိုဝင်ဘာလမှာ ဒုတိယမြောက် ကားကုမ္ပဏီကို မှတ်ပုံတင်ပါတယ်။
နိုဝင်ဘာလ ၁၈ ရက်စွဲဖြင့် Xiaomi Automobile Technology Co., Ltd ကို မှတ်ပုံတင်ခဲ့ပါတယ်။ ရင်းနှီးမြှုပ်နှံမှု ယွမ် ၁ ဘီလီယံ လို့ ဖော်ပြထားပါတယ်။ လုပ်ကိုင်မှာတွေက စွမ်းအင်သစ် မော်တော်ယာဉ်များ ထုတ်လုပ်ရေး၊ နည်းပညာဖွံ့ဖြိုးရေးတို့ ပါဝင်ပါတယ်။ 

 Xiaomi ကား ထုတ်လုပ်မယ်ဆိုတာ မတ်လမှာ တရားဝင်ကြေညာခဲ့ပါတယ်။ အပြည့်အဝ ပိုင်ဆိုင်တဲ့ စမတ်အီးဗီ ထုတ်လုပ်ရေး လုပ်ငန်းကို လက်အောက်ခံလုပ်ငန်းအဖြစ် လုပ်ကိုင်ဖို့ အစီအစဉ် ရှိကြောင်း ပြောကြားခဲ့ပါတယ်။ ယွမ် ၁၀ ဘီလျံ ကနဦး ရင်းနှီးမြှုပ်နှံမှု  ပြုမယ်လို့ အသိပေးပြောကြားခဲ့ပါတယ်။ 
လာမယ့် ၁၀ နှစ်တာအတွင်း ယွမ် ၆၀ ဘီလီယံအထိ ရင်းနှီးမြှုပ်နှံမှု ပြုမယ်လို့ ဆိုပါတယ်။
စမတ်အီးဗီလုပ်ငန်းရဲ့ စီအီးအိုတာဝန်ကို Xiaomi ထူထောင်သူ Lei Jun က တာဝန်ယူမှာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။

 ကုမ္ပဏီမှာ အရံရန်ပုံငွေ ယွမ် ၁၀၈ ဘီလျံ ရှိနေပြီး သုတေသနနဲ့ဖွံ့ဖြိုးရေး အဖွဲ့မှာ လူ ၁၀,၀၀၀ ကျော် ရှိနေတာကို အသုံးပြုပြီး အီးဗီထုတ်လုပ်ရေးမှာ တွဲစပ်လုပ်ကိုင်သွားမယ်လို့ သူက ဝန်ထမ်းတွေကို ရှင်းပြခဲ့ပါတယ်။
 အောက်တိုဘာလမှာ လူအင်အား ၄၅၃ ဦးဖြင့် မော်တော်ယာဉ်အတွက် အဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။
 Xiaomi က မော်တော်ယာဉ် အမြောက်အမြား တရားဝင်ထုတ်လုပ်မှုကို ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်အတွင်းမှာ စတင်ဖို့ လျာထားပါတယ်။

Read 386 times