Xiaomi က အလိုအလျောက်မောင်းနှင် နည်းပညာသစ် ထုတ်ဖော်ပြသ


Xiaomi က အလိုအလျောက်မောင်းနှင် နည်းပညာသစ် ထုတ်ဖော်ပြသ

တရုတ်နည်းပညာကုမ္ပဏီ Xiaomi က လျှပ်စစ်ကား ထုတ်လုပ်နိုင်ရန် ဆောင်ရွက်နေရာတံငအ အလိုအလျောက်မောင်းနှင်နိုင်သော လျှပ်စစ်ကား ကြိုးပမ်းမှုတွင် ရရှိထားသော တိုးတက်မှုများကို ပြသခဲ့ပါတယ်။

 

 

လျှပ်စစ်ကား ထုတ်လုပ်ရေးအတွက် ၂၀၂၁ မေလမှစ၍ ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုများ ပုံအောခဲ့ပါတယ်။ Xiaomi စီအီးအို Lei Jun က ကုမ္ပဏီက ကားရဲ့ ပင်ကိုစွမ်းရည်ဖြင့် အလိုအလျောက်မောင်းနှင်နိုင်စေဖို့ နည်းပညာသစ် Xiaomi Pilot Technology ကို ဖွံ့ဖြိုးရေး လုပ်ဆောင်နေကြောင်း ပြောကြားခဲ့ပါတယ်။ Xiaomi Pilot Technology နည်းပညာသစ် ဖွံ့ဖြိုးရေးအတွက် ကန်ဒေါ်လာ သန်း ၅၀၀ ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။

Xiaomi အီးဗီ အောင်မြင်မှု အတွက် Xiaomi Pilot Technology က အဆုံးအဖြတ်ပေးလိမ့်မယ်လို့ ခံယူထားပါတယ်။ ပင်ကိုစွမ်းရည်ဖြင့် အလိုအလျောက်မောင်းနှင်မှု နည်းပညာ မျိုးဆက်သစ်အဖြစ် မွေးဖွားပေးမှာ ဖြစ်ပါတယ်။ Xiaomi Pilot Technology စမ်းသပ်မောင်းနှင်မှု ဗီဒီယိုမှတ်တမ်းအတို ထုတ်ဝေခဲ့ပါတယ်။  Xiaomi Pilot Technology အတွက်  ဉာဏ်ရည်တု Artificial intelligence AI ကျွမ်းကျင်သူများ အပါအဝင် ကျွမ်းကျင်သူ ဦးရေ ၅၀၀ ကျော် အလုပ်ခန့်ထားပါတယ်။  ယခုနှစ်ကုန်မှာ အနည်းဆုံး ၆၀၀ ဦး ရရှိအောင် စုဆောင်းဖို့ ရည်မှန်းထားပါတယ်။ 

 

ရှေ့ကို မြန်မြန်ရောက်စေဖို့ ကုမ္ပဏီအချို့ကို Xiaomi က ဝယ်ယူခဲ့ပါတယ်။ ဥပမာအားဖြင့် အလိုအလျောက်မောင်းနှင်မှုကို အထူးပြုလုပ်ကိုင်တဲ့ Shendong Technology ကို ဝယ်ယူခဲ့ပါတယ်။ တကယ့်ကားလမ်းတွေပေါ်မှာ အပြာရင့်ရောင် အိမ်စီးကား ၁၄၀ စီးဖြင့် လက်တွေ့မောင်းနှင် စမ်းသပ်မှုများ လုပ်ဆောင်နေပါတယ်။

Telegram Channel https://t.me/Guid4U

Source: mi.com



MAG

ပင်ကိုမောင်းနှင် အီးဗီများ အမြောက်အမြားကို လာမယ့် ၂ နှစ်အတွင်း ထုတ်လုပ်နိုင်ရေးအတွက် ကန်ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲဖို့ လျာထားပါတယ်။

#MyanmarAutomobileGuide 

Read 695 times