Xiaomi ကားထုတ်လုပ်ခွင့် ပါမစ် မရနိုင်


Xiaomi ကားထုတ်လုပ်ခွင့် ပါမစ် မရနိုင်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

 Xiaomi သည် အီးဗီ ထုတ်လုပ်ရန် ကားထုတ်လုပ်ခွင့် ပါမစ် ဝယ်ယူဖို့ ကြိုးပမ်းနေကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။

တရုတ်နိုင်ငံတွင် Borgward အမှတ်တံဆိပ် မော်တော်ယာဉ်များ ထုတ်လုပ်သည့် ဒေဝါလီခံထားသော ကုမ္ပဏီ Borgward Automobile ၏ ကားထုတ်လုပ်ရေး ပါမစ်ကို Xiaomi မှ ဝယ်ယူရန် စီစဉ်နေသည့် ကောလာဟလများသည် သတင်းအမှားများသာ ဖြစ်သည်။

Beijing Borgward သည် ဇွန်လ ၇ ရက်နေ့တွင် မော်တော်ကားများ ထုတ်လုပ်ခြင်းကို အပြီးအပြတ် ရပ်ဆိုင်းခဲ့သည်။ ထုတ်လုပ်ပြီးသား ကားများရောင်းချခြင်းကို ဒီဇင်ဘာလတွင် အပြီးအပိုင် ရပ်မည်ဖြစ်သည်ဟု စက်မှုနှင့် သတင်းအချက်အလက်နည်းပညာ ဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်တွင် မကြာသေးမီက ထုတ်ပြန်ကြေညာခဲ့သည်။ သို့ဖြစ်ရာ Borgward ၏ ကားထုတ်လုပ်ခွင့် ပါမစ်ကို ရုပ်သိမ်းလိုက်ပြီ ဖြစ်သည်။

Xiaomi က အီးဗီများ မည်သည့်နည်းလမ်းဖြင့် ထုတ်လုပ်မည်ဆိုသည်ကို မပြောကြားသေးပါ။

 ယခုနှစ်အစောပိုင်းတွင် အွန်လိုင်းတွင် ပျံ့နှံ့နေသည့် ကောလာဟလတစ်ခုမှာ လက်ရှိကားထုတ်လုပ်ရေးပါမစ်များကို လွှဲပြောင်းခွင့်မပြုတော့သော်လည်း Xiaomi သည် စည်းကမ်းချက်မှ ခြွင်းချက်ဖြစ်လာမည်ဟု ဆိုသည်မှာလည်း အခြေအမြစ် မရှိသော သတင်းသာ ဖြစ်သည်။
 
Borgward သည် တရုတ်ပြည်တွင် သက်တမ်း ၁၀ နှစ် ရှိပြီ ဖြစ်သော်လည်း အဆင်မပြေခဲ့ချေ။ 
ကားထုတ်ရေးလုပ်ငန်း  Beiqi Foton Motor က   Borgward ကို ၂၀၁၄ ခုနှစ်တွင် ယူရို ၅ သန်း(ကန်ဒေါ်လာ ၅.၅သန်း) ဖြင့် ဝယ်ယူခဲ့သည်။
၂၀၁၆ ခုနှစ် ဇန်နဝါရီလတွင် လက်အောက်ခံ လုပ်ငန်းအဖြစ် Beijing Borgward အမည်ဖြင့် ထားရှိသည်။ ၂၀၁၉ ခုနှစ်တွင် Beijing Borgward ကို ထိန်းချုပ်နိုင်သည့် ရှယ်ယာများကို  ရောင်းချလိုက်သည်။ ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွကွင် ဒေဝါလီ ခံသည်။

Xiaomi ထူထောင်သူ နှင့် စီအီးအို Lei Jun က ၂၀၂၄ ခုနှစ် ပထမ ၃ လပတ်တွင် အီးဗီများ အမြောက်အမြား စတင်ထုတ်လုပ်မည်။ ပထမနှစ်တွင် အစီးရေ ၁ သိန်း ထုတ်မည်ဟု ပြောကြားခဲ့သည်။ သို့သော် လက်ထဲတွင် ကားထုတ်လုပ်ခွင့် ပါမစ် မရှိသေးချေ။ ကားထုတ်လုပ်ခွင့် ပါမစ် လျှောက်ထားသော်လည်း ရဖို့ ဖြစ်နိုင်ခြေ အလွန်နည်းသည်။
ကားထုတ်လုပ်ခွင့် ပါမစ်ကို National Development and Reform Commission က ထုတ်ပေးရာ၌ ၂၀၁၈ ခုနှစ်မှစ၍ ထုတ်မပေးတော့ချေ။ ၂၀၁၆ မ‌ှ ၂၀၁၇ ခုနှစ်အထိ လုပ်ငန်း ၁၅ ခု ပါမစ် ရခဲ့သည်။ ၆ ခုကသာ ကားထုတ်လုပ်သည့် အဆင့်သို့ ရောက်ရှိခဲ့သည်။ 

ဖြေရှင်းနိုင်သည့် နည်းလမ်းတစ်ခုမှာ ကားထုတ်လုပ်ခွင့် ပါမစ်ရှိသည့် လုပ်ငန်းကို ဝယ်ယူခြင်း ဖြစ်သည်။ Li Auto နှင့် Leapmotor Technology တို့သည် ၎င်းနည်းလမ်းဖြင့် ကားထုတ်လုပ်ကြသည်။
နောက်တစ်နည်းမှာ ငှားရမ်းခြင်း ဖြစ်သည်။ Nio က JAC Motors ကို ငှားရမ်းပြီး ကားထုတ်လုပ်သည်။
Source yicaiglobal
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 834 times