Xiaomi ပထမဆုံး အီးဗီ  MS11  ဆီဒင် ဘက်ထရီ အလေးချိန် ကီလို ၆၀၀ ကျော်


 Xiaomi ပထမဆုံး အီးဗီ  MS11  ဆီဒင် ဘက်ထရီ အလေးချိန် ကီလို ၆၀၀ ကျော်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

 Xiaomi ရဲ့ ပထမဆုံး ထုတ်လုပ်သည့် အီးဗီ MS11 ဆီဒင်မော်ဒယ်မှာ ခရီးတာ ကီလိုမီတာ ၈၀၀ အထိ သွားနိုင်ဖို့ 101-kWh နီကယ် ကိုဘော့ မဂ္ဂနိစ် nickel-cobalt-manganese NMC အမျိုးအစား ဘက်ထရီကို သုံးစွဲမည်ဟု ဆိုပါသည်။  800V DC ဖြင့် အားသွင်းနိုင်မည်။ သို့သော် ဘက်ထရီအလေးချိန်မှာ လေးလံပါသည်။
 
 


Xiaomi MS11 တွင် သုံးစွဲမည့် ဘက်ထရီ အမျိုးအစား ပုံနှင့်တကွ သတင်း ပေါက်ကြားခဲ့ပါသည်။
101 kWh လီသီယမ် အိုင်းယွန်း ဘက်ထရီဖြစ်ပြီး 726.7 V အထိ ရောက်ရှိနိုင်ပါသည်။ နှုန်းထားမှာ 139.0 Ah ဖြစ်ပါသည်။ အလေးချိန်မှာ 642 kg ရှိပါသည်။ သို့ဖြစ်ရာ စွမ်းအင်သိပ်သည်းဆမှာ 157 Wh/kg ဖြစ်ပါသည်။ ၃ပိုင်းပါ NMC အမျိုးအစား ဘက်ထရီ ဖြစ်ပါသည်။

နှိုင်းယှဉ်ကြည့်မည်ဆိုပါက Avatr 11 SUV တွင် သုံးထားသော CATL မှ ထုတ်လုပ်သည့် ဘက်ထရီသည် 90 kWh ဖြစ်ပြီး 614 V အထိ ရောက်ရှိနိုင်ပါသည်။ နှုန်းထားမှာ 147.0 Ah ဖြစ်ပါသည်။ အလေးချိန်မှာ 520 kg ဖြစ်ပါသည်။။ သို့ဖြစ်ရာ Avatr မှ ဘက်ထရီသည် MS11 ထက် ပေါ့ပါသည်။ 

 


 
Xiaomi MS11 ၏ ခရီးဝေးဝေး ဗားရှင်းတွင် ၎င်းဘက်ထရီကို သုံးစွဲမည် ဖြစ်ပြီး နောက်ဘီးယက်ဖြင့် မောင်းနှင်လျှင် ခရီးတာ 800 km အထိ သွားနိုင်မည်ဟု ဆိုပါသည်။ ၄ ဘီးယက်ဆိုပါက 600-650 km အထိ သွားနိုင်မည် ဖြစ်ပါသည်။

 

Xiaomi MS11 ကို “Modena” ဟု အမည်ပေးမည်ဟု သတင်းထွက်ပေါ်ပါသည်။ အစောဆုံးအနေဖြင့် နောက်နှစ် ၂၀၂၄ တွင် စတင်ရောင်းချမည် ဖြစ်သည်။
ဗားရှင်း ၃ မျိုးဖြင့် ထုတ်လုပ်မည်။
ပထမ နှစ်မျိုးတွင် BYD ၏ Blade Battery (လစ်သီယမ် သံ ဖော့စဖိတ် lithium iron phosphate LFP) ကို သုံးစွဲမည်။ 
တတိယတမျိုးတွင် CATL ၏ NMC ဘက်ထရီကို သုံးစွဲမည်။
ဈေးနှုန်းမှာ ယွမ် ၂၆၀,၀၀၀-၃၅၀,၀၀၀ (36,400 – 49,000 USD) ဖြစ်ပါသည်။

 

Source: Weibo, Yiyouliao, Xchuxing, Weibo Sugar Design
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 325 times