Xiaomi Modena EV နှင့် Lemans တို့ ထုတ်လုပ်မည်


Xiaomi Modena EV နှင့် Lemans တို့ ထုတ်လုပ်မည်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Modena သည် Xiaomi ၏ ပထမဆုံးသော လျှပ်စစ်ကား‌ေမာ်ဒယ်ဖြစ်ပြီး ၂၀၂၄ ခုနှစ်တွင် စတင်ရောင်းချမည် ဖြစ်သည်။

Modena အတွက် အဓိကကျသည့် လုပ်ကိုင်စရာများ လုပ်ကိုင်ပြီးစီးခဲ့ပြီ ဖြစ်ပြီး တရုတ်နိုင်ငံ၏ ဆောင်းရာသီ အအေးဒဏ်ခံနိုင်ရည်ကိုလည်း စမ်းသပ် ပြီးသွားပြီဖြစ်သည်။

Xiaomi စီအီးအို Lei Jun သည် ဆောင်းရာသီစမ်းသပ်မှုတွင် ကိုယ်တိုင်ပါဝင်ခဲ့သည်ဟု တရုတ်မီဒီယာများက သတင်းဖော်ပြခဲ့ပါသည်။

 


Xiaomi Auto သမိုင်းအကျဉ်း
 .
အကျော်ကြားဆုံး တရုတ်နည်းပညာအမှတ်တံဆိပ်များထဲမှ တစ်ခုဖြစ်သည့် Xiaomi သည် ၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် ၎င်း၏ မော်တော်ယာဉ် လုပ်ငန်းခွဲကို ယွမ် ၁၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁.၄၇ ဘီလီယံ) ဖြင့် စတင်ခဲ့ပါသည်။
ထိုနှစ်တွင် ခေါ်ယူကျင်းပခဲ့သည့် Xiaomi ရင်းနှီးမြုပ်နှံသူများ ကွန်ဖရင့်တစ်ခုတွင် Xiaomi နှင့် Xiaomi Auto တို့ကို တည်ထောင်သူနှင့် စီအီးအိုဖြစ်သူ Lei Jun က ၂၀၂၄ ပထမနှစ်ဝက်တွင် အီးဗီများ အမြောက်အမြား စတင်ထုတ်လုပ်ရန် ရည်မှန်းထားကြောင်း ပြောကြားခဲ့ပါသည်။

၂၀၂၂ ခုနှစ် ဇူလိုင်လတွင် BYD Han EV ကိုအခြေခံသည့် Xiaomi ရှေ့ပြေးပုံစံကားများဖြင့်  ဉာဏ်ရည်ထက်မြက်သော မောင်းနှင်မှုစနစ် စမ်းသပ်မှုများ ဆောင်ရွက်သည်ကို တရုတ်နိုင်ငံ လမ်းများပေါ်တွင် တွေ့ကြရသည်။
 
 နောက်ပိုင်းတွင် Xiaomi သည် နှစ်စဉ် ကားအစီးရေ ၁၀ သန်း ထုတ်လုပ်ရန် ရည်မှန်းချက်ရှိကြောင်း Lei Jun က ထုတ်ဖော်ပြောကြားခဲ့ပါသည်။

၂၀၂၃ ဇန်နဝါရီလတွင် Xiaomi ၏ ပထမဆုံး လမ်း‌များပေါ် မောင်းနှင်ရန်အသင့် အဆင့်ကားများကို တွေ့ခဲ့ကြသည်။
လျှပ်စစ်ဆီဒင်အမျိုးအစားဖြစ်ပြီး ယာယီအမည် ‘Modena’ ဟု ခေါ်ဝေါ်သည်။ ၎င်း၏ အပြင်ပိုင်းဒီဇိုင်းသည် ရှည်လျားသော စက်ဖုံး၊ ဆင်ခြေလျောအမိုးတို့ ပါဝင်သည်။
Modena အမိုးပေါ်တွင် LiDAR sensor တစ်ခု တပ်ဆင်ထားသည်။
Xiaomi Modena ကို ဗားရှင်း ၃ မျိုးဖြင့် ထုတ်လုပ်မည်ဟု သတင်းထွက်ပေါ်ခဲ့ပါသည်။
ပထမ ၂ မျိုးတွင် BYD ၏ LFP  Blade ဘက်ထရီ သုံးထားသည်။ 
ကျန်တစ်မျိုးတွင် CATL ၏  Qilin ဘက်ထရီသုံးထားသည်။  800V သုံးထားသည်။ သုညမှ ၈၀% သို့ အားသွင်းချိန် ၁၅ မိနစ်ကြာသည်။ 

ဗားရှင်း ၃ မျိုးစလုံးတွင် Qualcomm ၏ 8295 ချစ်ပ် သုံးထားသည်။ ၎င်းချစ်ပ်ကို စမ်းသပ်ရန်အတွက် ထုတ်လုပ်ပေးထားခြင်း ဖြစ်ပြီး အမြောက်အမြား ထုတ်လုပ်ခြင်း မရှိသေးပေ။
Modena ရောင်းဈေးသည် ယွမ် 260,000 – 350,000 အတွင်း ဖြစ်မည်ဟု သတင်းရင်းမြစ်များက ဆိုသည်။ ကန်ဒေါ်လာ 38,350 – 51,650 အတွင်း ဖြစ်ပါသည်။


  
Xiaomi Modena ဆောင်းရာသီစမ်းသပ်မှုများ

တရုတ်နိုင်ငံ ဆောင်းရာသီတွင် နေရာအများအပြားတို့၌ အအေးချိန်သည် ရေခဲမှတ်အောက်တွင် ရောက်ရှိပါသည်။ အအေးဒဏ်ကြောင့် ဘက်ထရီကမောက်ကမ ဖြစ်ပါသည်။ အားကုန် မြန်သည်။ 
Xiaomi Modena ၂ စီးဖြင့် ဆောင်းအအေးဒဏ် စမ်းသပ်ခံသည်ကို တွေ့ကြရသည်။ တစ်စီးသည် BYD Blade ဘက်ထရီ၊ ကျန်တစ်စီးမှာ CATL Qilin ဘက်ထရီ ဖြစ်မည်ဟု ခန့်မှန်း ယူဆကြပါသည်။
အအေးဆုံးဒေသဖြစ်သည့် မွန်ဂိုလီယား အတွင်းပိုင်းတွင် မောင်းနှင်စမ်းသပ်ခဲ့ပါသည်။ ရေခဲမှတ် အောက်ထိရောက်အောင် အေးနေသည့် ပတ်ဝန်းကျင်တွင်  အီးဗီ၏ စွမ်းဆောင်ရည်များ၊ သွားနိုင်သည့် ခရီးတာများကို စမ်းသပ်ခဲ့သည်။ ၎င်းစမ်းသပ်မှုများတွင် Lei Jun ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့ပါသည်။

 


 
Xiaomi ၏ ပထမဆုံးမော်ဒယ်မှာ Modena ဖြစ်ပြီး ဒုတိယမြောက်မော်ဒယ်အတွက် Lemans ဟု အမည်ပေးထားသေား ကားမော်ဒယ်ကို လုပ်ကိုင်လျက် ရှိပါသည်။


အတည်ပြုပြောကြား

 ကုမ္ပဏီ၏ ပထမဆုံး လျှပ်စစ်ကား၏ တိုးတက်မှုသည် မျှော်လင့်ထားသည်များထက် ကျော်လွန်နေပြီး ဆောလျင်စွာ ပြီးမြောက်ခဲ့သည့်အတွက် အ‌မြောက်အမြား ထုတ်လုပ်မှုအဆင့်သည် မဝေး‌ေတာ့ကြောင်း မကြာသေးမီက Lei Jun ထုတ်ဖော်ပြောကြားခဲ့ပါသည်။
မူလရည်မှန်းထားသည့်အတိုင်း ၂၀၂၄ ပထမနှစ်ဝက်တွင် ဈေးကွက်ထဲ ရောက်ရှိလာမည်ဟု ၎င်းက အတည်ပြု ပြောကြားပါသည်။

 

ရင်းနှီးမြှုပ်နှံမှုများ

 Lei Jun က သူသည် မော်တော်ကားပရောဂျက်အတွက် သူ၏အချိန်တစ်ဝက်ကို သုံးစွဲနေကြောင်း ပြောကြားပါသည်။
 
၂၀၂၂ ခုနှစ်အထိ Xiaomi သည် ၎င်း၏ မော်တော်ယာဉ်ကဏ္ဍတွင် ယွမ်ငွေ ၃ ဘီလီယံ (အမေရိကန်ဒေါ်လာ ၄၃၃ သန်းခန့်) ရင်းနှီးမြှုပ်နှံထားပြီးဖြစ်သည်။ မော်တော်ယာဉ်ကဏ္ဍတွင် ဝန်ထမ်းအင်အား ဦးရေ ၂,၃၀၀ ကျော်ကို သုတေသနနှင့် ဖွံ့ဖြိုးရေးအတွက် သုံးစွဲလျက် ရှိသည်။ 
 
 ကုမ္ပဏီသည် ပေကျင်းမြို့‌ေတာ်၊ Yizhuang တွင် ကိုယ်ပိုင်မော်တော်ကား ထုတ်လုပ်ရေး အခြေစိုက်စခန်းကို တည်ဆောက်ခဲ့သည်။ အရောင်းရုံးချုပ်နှင့် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးစင်တာတို့ ပါဝင်သည်။

 

ရှေ့ဆက်မည့် အစီအစဉ်များ
 
ကုမ္ပဏီသည် အဆင့်နှစ်ဆင့်ဖြင့် ကားအစီးရေ ၃၀၀,၀၀၀ ခန့် ထုတ်လုပ်နိုင်သည့် ပြီးပြည့်စုံသော မော်တော်ယာဥ် စက်ရုံကိုလည်း တည်ဆောက်ရန် စီစဉ်ထားသည်။
ယင်းစက်ရုံတွင် ၂၀၂၄ ခုနှစ်မှာ  ပထမဆုံး ကားကို တပ်ဆင်မှုလိုင်းမှ ထုတ်လုပ်ပြီး အမြောက်အမြား ထုတ်လုပ်မှု စတင်ရန် ရည်မှန်းထားသည်။
ယခင်သတင်းပေါက်ကြားမှုအားလုံးအပေါ် အခြေခံ၍ သိရသည်မှာ Xiaomi Modena EV သည် အိမ်စီးပြိုင်ကားဆန်ဆန် ဒီဇိုင်းထုတ်ထားသော အလယ်အလတ် အရွယ်အစား ဆီဒင်ကား ဖြစ်သည်။

Source: Sina, Sohu
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 236 times