Xiaomi ကားဝဘ်ဆိုက် အသစ် လွှင့်တင်


Xiaomi ကားဝဘ်ဆိုက် အသစ် လွှင့်တင်

 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Xiaomi က အသစ်ကြေညာထားသော ပထမဆုံးကား SU7 ကို မိတ်ဆက်ပွဲအပြီးတွင် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၉ရက်မှာ ၎င်း၏ အီးဗီ လုပ်ငန်းအတွက် အထူးသီးသန့် ဝဘ်ဆိုဒ်အသစ်ကို လွှင့်တင်လိုက်သည်။

Xiaomi Automobile Technology Co., Ltd. ကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင်တည်ထောင်ခဲ့သည်။
အရင်းအနှီး ယွမ် ၁ ဘီလီယံဖြင့် စတင်သည်။
အဓိအားဖြင့် စမတ်ဖုန်း ထုတ်လုပ်သည့် Xiaomi Technology Co., Ltd. မှ အပြည့်အဝ ပိုင်ဆိုင်သည်။ ယင်း ကုမ္ပဏီ ထူထောင်သူ စီအီးအို Lei Jun သည် Xiaomi Automobile Technology Co., Ltd တွင် စီအီးအို အဖြစ် ဦးစီးလုပ်ကိုင်သည်။

 Xiaomi Automobile ၏ ဝဘ်ဆိုက်လိပ်စာမှာ 
www.xiaomiev.com

ဖြစ်ပါသည်။

လက်ရှိတွင် ခရီးတာ ကီလိုမီတာ ၈၀၀ အထိ သွားနိုင်သော SU7 ကို တင်ပြထားသည်။ 
0-100km ကို ၂.၇၈ စက္ကန့်ဖြင့် အရှိန်တင်ပေးနိုင်သည်။ ၈၀၀ ဗို့စနစ် သုံးထားသည်။ ပင်ကိုမောင်းနှင် စွမ်းရည်ပါသည့် စသည့် အချက်အလက်များ တင်ပြထားသည်။ 

SU7 တွင် အသုံးပြုထားသည့် အင်ဂျင်အကြောင်း ပုံများနှင့်တကွ တင်ပြထားသည်။ 

တန် ၉၁၀၀ ဖိပုံသွန်းစက်အကြောင်းလည်း တင်ပြထားပါသည်။

စုစုပေါင်း အပိုင်းကဏ္ဍ ၇ ခု ပါဝင်ပါသည်။

 

Source: Xiaomi

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read 264 times