ပင်ကိုမောင်းနှင်စွမ်းရည် ကား ၁၄၀ စီးဖြင့် စမ်းသပ်နေဟု Xiaomi  ပြောကြား


ပင်ကိုမောင်းနှင်စွမ်းရည် ကား ၁၄၀ စီးဖြင့် စမ်းသပ်နေဟု Xiaomi  ပြောကြား

 

Xiaomi Corp ရဲ့ စီအီးအို Lei Junက တရုတ်နိုင်ငံတဝှမ်းမှာ ကားအစီးရေ ၁၄၀ ဖြင့်အလိုအလျောက် မောင်းနှင်မှုကို စမ်းသပ်နေတယ်လို့ ဩဂုတ်လ ၁၁ ရက်မှာ ပြောကြားပါတယ်။  သက်ဆိုင်ရာ အာဏာပိုင်တို့ထံမှ မော်တော်ယာဉ် ထုတ်လုပ်ခွင့် လိုင်စင်မကျဘဲ လိပ်ခဲတင်းလင်း ဖြစ်နေပါသော်လည်း စမတ်ဖုန်းလုပ်ငန်းမှ အီးဗီ ထုတ်လုပ်ရေးကို ချဲ့ထွင်လုပ်ကိုင်တဲ့ Xiaomi Corp က ပြီးခဲ့တဲ့နှစ်မှာ အပြိင်အဆိုင်များတဲ့ အီးဗီကဏ္ဍ သို့ ဝင်ရောက်ကြောင်း ကြေညာခဲ့ပါတယ်။ 

 

အွန်လိုင်း တိုက်ရိုက်ထုတ်လွှင့်တဲ့ ကုမ္ပဏီ အခမ်းအနားမှာ Lei က ပင်ကိုမောင်းနှင်စွမ်းရည်ဖြင့် ကားက အလိုအလျောက်မောင်းနှင်နိုင်စေမယ့် နည်းပညာ ဖွံ့ဖြိုးရေးကို ဝန်ထမ်း ၅၀၀ ခန့်ထားပြီး ၎င်း နည်းပညာကိုသာ စူးစိုက်လုပ်ကိုင်စေကြောင်း ပြောကြားပါတယ်။ ၎င်းနည်းပညာအတွက် ယွမ် ၃.၃ ဘီလီယံ (ကန်ဒေါ်လာ သန်း ၄၉၀) သုံးစွဲကြောင်းလည်း ၎င်းက ပြောကြားပါတယ်။

 

အခမ်းအနားတွင် Lei က  52kg အလေးချိန်ရှိပြီး 177cm အရက်အမြင့်ရှိသော CyberOne ဟုခေါ်သော လူသားဆန်သော စက်ရုပ်ကို ထုတ်ဖော်ပြသခဲ့ပါတယ်။ အမြောက်အမြား စီးပွားဖြစ် ထုတ်လုပ်မယ့် အဆင့်တော့ မရောက်သေးပါဘူး။ တက္ကဆီအငှား ဝန်ဆောင်မှု ကုမ္ပဏီကြီး Didi Global နှင့် ရှာဖွေရေးအင်ဂျင် Baidu Inc တို့အပါအဝင် အခြားသော တရုတ်ကုမ္ပဏီများကလည်း  မောင်းသူမဲ့ကားနည်းပညာတွင် ရင်းနှီးမြှုပ်နှံနေကြပါတယ်။

 

ယခုသီတင်းပတ်အစောပိုင်းတွင် အဆိုပါကုမ္ပဏီက လမ်းများပေါ်တွင် မောင်းသူမဲ့အငှားယာဉ်ကို ပြေးဆွဲရန် ပါမစ်ရရှိသည့် ပထမဆုံးကုမ္ပဏီဖြစ်လာခဲ့ပါတယ်။ Lei Jun က Xiaomi ကို ၂၀၁၀ ခုနှစ်တွင် ပူးပေါင်းတည်ထောင်ခဲ့ပြီး တရုတ်ပြည်တွင်း ဈေးကွက်ထဲတွင် Xiaomi စမတ်ဖုန်းများ ရောင်းအားအလွန်ကောင်းခဲ့ပါတယ်။ ကမ္ဘာတစ်ဝှမ်း အရောင်းရဆုံး Android စမတ်ဖုန်းအမှတ်တံဆိပ်များထဲမှ တစ်ခုအဖြစ်သို့ Xiaomi စမတ်ဖုန်းများ လျင်မြန်စွာ ရောက်ရှိခဲ့ပါတယ်။

 

စမတ်ဖုန်းအပြင် အိမ်သုံး လျှပ်စစ်ပစ္စည်းအမျိုးမျိုး၊ အိမ်သုံးအီလက်ထရွန်းနစ် ပစ္စည်းအမျိုးမျိုးတို့ကိုလည်း အကြီးအကျယ် ထုတ်လုပ်ပါတယ်။ ယခုအခါ အိမ်စီးကား ထုတ်လုပ်နိုင်ဖို့ ဇောက်ချလုပ်ကိုင်နေပါတယ်။

($1 = 6.7378 Chinese yuan renminbi) 

 

လျှပ်စစ်ကားများကို ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်တွင် အမြောက်အမြား ထုတ်လုပ်မှုစတင်ရန် ကတိပြုထားပါတယ်။ ဩဂုတ်လမှာ ကားနမူနာကို ပြသဖို့ စီစဉ်ထားပေမဲ့ ထုတ်လုပ်ခွင့် လိုင်စင်မကျသဖြင့် အစီအစဉ် ရုပ်သိမ်းလိုက်တယ်လို့ သတင်းထွက်ပေါ်ပါတယ်။ ကုမ္ပဏီက ယခုနှစ်အစောပိုင်းတွင် ကုမ္ပဏီက ပေကျင်းရှိ ၎င်း၏ ပထမဆုံးသော ကားစက်ရုံကို စတင်တည်ဆောက်ခဲ့ပါတယ်။

 

Source: Reuters 

Telegram Channel https://t.me/Guid4U

#MyanmarAutomobileGuide

Read 840 times